၆ သိန်းလောက်ကစမယ့် Samsung Galaxy Tab S6 Lite

နာမည်ကျော် Leakster ဖြစ်တဲ့ Ishan Agarwal က Samsung Galaxy Tab S6 Lite ရဲ့ သတင်းတချို့ကို ဖွလိုက်ပါတယ်။ ဥရောပမှာ တန်ဖိုးအနည်းဆုံး WiFi မော်ဒယ်ကို ၃၉၉ ယူရိုနဲ့ ရောင်းမှာ ဖြစ်ပြီး မြန်မာငွေ ၆ သိန်းလောက်ရှိပါတယ်။ အဲဒီ တက်ဘလက်ကို မနက်ဖြန် ကြေညာတော့မှာ ဖြစ်ပါတယ်။

Amazon Germany မှာ သူ့ကို မကြာခင်က စာရင်းတင်ထားပြီး LTE Version ကို ၄၃၀ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆ သိန်း ၅ သောင်းလောက် ရှိပါတယ်။ 5G Version တော့ မထွက်လာနိုင်ပါဘူး။ Amazon မှာ Specs တချို့ကို ဖော်ပြထားပြီး ၁၀.၄ လက်မ FHD+ LCD မျက်နှာပြင်နဲ့ S Pen ပါလာမှာပါ။ မျက်နှာပြင် အမျိုးအစားကို မသိရသေးပေမယ့် အရင်ထွက်ထားတဲ့ သတင်းအရ LCD သုံးထားနိုင်ပြီး Exynos 9611 Chip မောင်းနှင်ထားမှာပါ။ 5MP ဆဲလ်ဖီး ကင်မရာနဲ့ 8MP အနောက်ကင်မရာတွေ ထည့်သွင်းထားမှာ ဖြစ်ပြီး အောက်ခြေမှာ USB Type-C Connector နဲ့ စပီကာ ၁ လုံး ပါလာမှာပါ။

Amazon မှာ Android 10 မောင်းနှင်ထားပြီး 4GB RAM နဲ့ 26.34Wh ဘက်ထရီ ပါမယ်လို့ ဖော်ပြထားပါတယ်။ အထူက ၇ မီလီမီတာနဲ့ အလေးချိန်က ၇၉၈ ဂရမ် ရှိပါတယ်။ AKG Tuning နဲ့ Dolby Atmos ပါတဲ့ စပီကာ ၂ လုံး ထည့်သွင်းထားပါတယ်။ 4GB RAM ထည့်သွင်းထားပြီး 64GB နဲ့ 128GB Storage တွေ ရွေးချယ်နိုင်မှာပါ။ 7,040mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်း တော်တော်လန်းမှာပါ။

Ref : gsmarena

%d bloggers like this: