အဝေးကနေ ကြိုးမဲ့ ဖုန်းအားသွင်းပေးမယ့် နည်းပညာပါတဲ့ OPPO Reno Ace Infinity

OPPO က Ace Infinity အမည်ရ စမတ်ဖုန်း ၁ လုံးကို အကြိုပြသလိုက်ပါတယ်။ ထူးခြားတာက သူ့မှာ အဝေးကနေ ကြိုးမဲ့ ဖုန်းအားသွင်းပေးမယ့် FreeVOOC Air-recharging နည်းပညာ ပါလာတာဖြစ်ပြီး ၁၀ မီတာအတွင်းမှာ 5-10W အမြန်နှုန်းနဲ့ အားသွင်းပေးနိုင်ပါတယ်။ ဒီနည်းပညာကို သရုပ်ပြထားတဲ့ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။


ဗီဒီယိုမှာ Free VOOC Coil ကို Ace Infinity ရဲ့ ဘေးဘက်အထက်နားမှာ တပ်ဆင်ထားတာမြင်ရပါတယ်။ Absorption Layer , Conversion Layer နဲ့ Conductive Material တို့ ပါဝင်ပြီး OPPO က အနာဂတ်ရဲ့ ကြိုးမဲ့အားသွင်းနည်းပညာလို့ ပြောပါတယ်။ OPPO က Reno Ace Infinity ကို ကြေညာမယ့် အချိန်ကို မပြောသေးပါဘူး။

လက်ရှိကြိုးမဲ့အားသွင်းနည်းပညာတွေမှာ စမတ်ဖုန်းကို အားသွင်းစက်နားမှာ ထားပြီး အားသွင်းရတာ ဖြစ်ပါတယ်။ OPPO ရဲ့ နည်းပညာ အသစ်ကတော့ အခန်း ၁ ခုထဲမှာ အားသွင်းစက်ရှိနေရင် အခန်းထဲမှာ ဖုန်းကို ဘယ်နေရာမှာ ထားထား ကြိုးမဲ့အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဖုန်း သုံးနေရင်းလည်း ကြိုးမဲ့အားသွင်းပေးနေမှာ ဖြစ်တဲ့အတွက် တော်တော် မိုက်ပါတယ်။

Ref : gsmarena

%d bloggers like this: