Realme 6 နဲ့ 6i ကို နောက် ၁ ပတ် ဥရောပမှာ ရောင်းမည်

အိန္ဒိယမှာ Realme 6 ကို ဒီလ အစောပိုင်းမှာ ရောင်းပေးခဲ့ပြီး Realme 6i ကို မြန်မာမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ကြေညာခဲ့ပါတယ်။ ဥရောပမှာ အဲဒီ ဖုန်း ၂ လုံးစလုံးကို နောက် ၁ ပတ်မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Realme 6 ကို ၆ ရက်နေ့မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ သူ့ အတွက် 4/64GB , 4/128GB နဲ့ 8/128GB မော်ဒယ်တွေ ထုတ်လုပ်ထားပြီး ၂၃၀ ယူရို၊ ၂၇၀ ယူရိုနဲ့ ၃၀၀ ယူရို အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၃ သိန်းခွဲက စပြီး အပြာနဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပါတယ်။

Realme 6i ကို ၁၃ ရက်နေ့မှာ ရောင်းမှာ ဖြစ်ပြီး 4/128GB ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ ၂၀၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်းလောက်ရှိပါတယ်။ အစိမ်းနဲ့ အဖြူရောင် ထုတ်လုပ်ထားပါတယ်။ Realme 6i ဟာ Helio G80 Processor ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပြီး ၆.၅ လက်မ မျက်နှာပြင်နဲ့ 16MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ အနောက်ဘက်မှာ 48MP , Ultrawide Angle , B&W Portrait နဲ့ 4cm Macro ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။

18W Fast Charging နဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီက တော်တော်လန်းပါတယ်။ Dual SIM ထောက်ပံ့ပြီး microSD Card Slot သီးခြားပါပါတယ်။

Ref : gizmochina

%d bloggers like this: