Redmi K30 Pro ကို အိန္ဒိယမှာ Poco F2 နာမည်နဲ့ မရောင်းဘူးလို့ အတည်ပြု

Poco India ရဲ့ အထွေထွေ မန်နေဂျာ Chandolu Manmohan က မီဒီယာတွေနဲ့ အွန်လိုင်း စကားဝိုင်း တစ်ခုမှာ Redmi K30 Pro ကို အိန္ဒိ ယမှာ Poco F2 or Poco X2 နာမည်နဲ့ မရောင်းဘူးလို့ အတည်ပြုလိုက်ပါတယ်။ မကြာခင်က Redmi K30 Pro ကို အိန္ဒိယမှာ Poco F2 နာမည်နဲ့ ရောင်းမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Poco India က ဒီသတင်းကို ငြင်းဆိုလိုက်တာပါ။

Manmohan က Poco X2 or F2 ကို ရူပီး ၂၀,၀၀၀ လောက်နဲ့ ရောင်းမယ်လို့ ပြောတဲ့အတွက် မြန်မာငွေ ၃ သိန်း ၇ သောင်းလောက်ရှိပါတယ်။ စွမ်းရည်မြင့် Chipset ပါတဲ့ ဖုန်းကို ဒီဈေးနဲ့ ရမှာက တော်တော်တန်ပါတယ်။ သူက Poco Brand ကနေ အိန္ဒိယမှာ True Wireless (TWS) Earbuds ကို ထုတ်လုပ်ရောင်းချမယ်လို့ ပြောပေမယ့် နေ့ရက်အတိအကျကို မပြောသေးပါဘူး။

Poco ဟာ စွမ်းရည်မြင့် ဖုန်းတွေကို ဈေးချိုချိုနဲ့ ရောင်းပေးတဲ့အတွက် အရမ်း လူကြိုက်များပါတယ်။ ပထမမျိုးဆက် Poco ဖုန်းကို ရောင်းပေးထားတာ နှစ်အနည်းငယ်ကြာပြီ ဖြစ်တဲ့အတွက် နောက်မျိုးဆက်ကို စောင့်မျှော်နေကြပါတယ်။

Ref : gsmarena

%d bloggers like this: