Ford က ကိုရိုနာဗိုင်းရက်စ် လူနာတွေအတွက် အသက်ရှူစက်တွေ ထုတ်လုပ်မည်

Ford က ကိုရိုနာဗိုင်းရက်စ် ကူးစက်ခံထားရပြီး အသက်ရှူဖို့ ခက်ခဲနေတဲ့ လူနာတွေအတွက် အရမ်းလိုအပ်နေတဲ့ အသက်ရှူစက်တွေကို ထုတ်လုပ်ပေးတော့မှာပါ။ Ford ဟာ General Electrics ရဲ့ Health Care ဌာနအတွက် ထုတ်လုပ်ပေးမယ်လို့ ပြီးခဲ့တဲ့ ရက်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဌာနဟာ ဖလော်ရီဒါရှိ အသက်ရှူစက် ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ Airon လို့ခေါ်တဲ့ လျှပ်စစ် မလိုတဲ့ ဒီဇိုင်းကို မှတ်ပုံတင်ထားပြီး FDA က ခွင့်ပြုလိုက်ပါပြီ။

Ford ဟာ GE နဲ့ ပူးပေါင်းပြီး အသက်ရှူစက်တွေ စတင် ထုတ်လုပ်နေပြီဖြစ်ပြီး Airon ကြောင့် မကြာခင်မှာ ထုတ်လုပ်မှု တိုးမြှင့်လာတော့မှာပါ။ Ford ဟာ ကျန်းမာရေး ဝန်ထမ်းတွေအတွက် Masks နဲ့ ကာကွယ်ရေး ပစ္စည်းတွေကိုလည်း ထုတ်လုပ်ပေးနေပါတယ်။

Ford ဟာ မီချီဂန်ရှိ Ypsilanti က ကားအစိတ်အပိုင်း ထုတ်လုပ်တဲ့ စက်ရုံ ၁ ခုမှာ အသက်ရှူစက်တွေ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဧပြီလ ၂၀ ရက်နေ့မှာ စတင် ထုတ်လုပ်မှာ ဖြစ်ပြီး Ford က ဧပြီလကုန်မှာ အလုံးရေ ၁၅၀၀ ၊ မေလကုန်မှာ ၁၂၀၀၀ ၊ ဇူလိုင်လမှာ ၅၀၀၀၀ ထုတ်လုပ်ပေးဖို့ မျှော်လင့်ထားပါတယ်။ နောက်ပိုင်းမှာ တစ်လကို အလုံးရေ ၃၀၀၀၀ လောက် ထုတ်လုပ်ပေးဖို့ ရည်မှန်းထားပါတယ်။

Ref : theverge

%d bloggers like this: