တန်ဖိုးနည်း Honor 8A Prime ကို ရုရှားမှာ ကြေညာ

Honor က ရုရှားမှာ 8A Prime ကို ကြေညာလိုက်ပါတယ်။ တန်ဖိုးနည်း စွမ်းရည်နိမ့် ဖုန်း ဖြစ်ပြီး မြန်မာငွေ ၁ သိန်း ၇ သောင်းလောက်ပဲရှိပါတယ်။ ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး MediaTek Helio P35 Chipset မောင်းနှင်ထားပါတယ်။ 3GB RAM ,64GB Storage ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။

8MP ဆဲလ်ဖီး ကင်မရာနဲ့ 13MP အနောက်ကင်မရာတွေ ပါလာပြီး LED Flash နဲ့တွဲဖက်ထားပါတယ်။ Android 9 Pie အခြေပြု EMUI 9.0 မောင်းနှင်ထားပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ 3,020mAh ဘက်ထရီ ပါလာပြီး Dual SIM Support , 4G , Wifi , Bluetooth 4.2 , microUSB 2.0 နဲ့ 3.5mm Audio Jack တွေ ထောက်ပံ့ထားပါတယ်။ Dark Blue , Midnight Black နဲ့ Emerald Green အရောင် ၃ ခု ထုတ်လုပ်ထားပါတယ်။

Honor 8A Prime ရဲ့ Specs တွေဟာ Honor 8A Pro နဲ့ လုံးဝ တူနေပါတယ်။ 8A Pro ကို ရုရှားမှာ ၂၀၁၉ ခုနှစ် ဧပြီလမှာ ကြေညာခဲ့တာ ဖြစ်ပြီး ၁၃,၉၉၀ ရူဘယ်နဲ့ ရောင်းခဲ့တာပါ။ မြန်မာငွေ ၂ သိန်းခွဲလောက်ရှိပါတယ်။ အခုတော့ Honor Russia Website မှာ 8A Pro ကို မတွေ့ရတော့ပါဘူး။ Honor က 8A Pro ကို 8A Prime နာမည်နဲ့ အသစ်တစ်ဖန် ရောင်းချတာ ဖြစ်နိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: