OnePlus 8 Lite ကို OnePlus Z လို့ နာမည်ပေးထားနိုင်

ဒီနှစ်မှာ OnePlus က OnePlus 8 နဲ့ 8 Pro အပြင် ဈေးသက်သာတဲ့ OnePlus 8 Lite ကိုလည်း ကုမ္ပဏီက ကြေညာမှာ ဖြစ်ပါတယ်။ မကြာခင်ကပဲ 8 နဲ့ 8 Pro ကို နောက်လ ၁၄ ရက်နေ့မှာ ကြေညာမယ်လို့ကုမ္ပဏီက အတည်ပြုခဲ့ပါတယ်။ Lite ကိုတော့ လအနည်းငယ် နောက်ကျပြီးမှ ရောင်းချမှာပါ။ အခုတော့ 8 Lite ကို OnePlus Z လို့ နာမည်ပေးထားမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီအတွက် OnePlus Z ဟာ တန်ဖိုးနည်း စွမ်းရည်မြင့် ဖုန်း မဟုတ်ဘဲ စွမ်းရည်သင့် ဖုန်း ဖြစ်နိုင်ပါတယ်။ စွမ်းရည်မြင့် Snapdragon 865 မသုံးဘဲ MediaTek Dimensity SoC သုံးထားမယ်ဆိုတဲ့ သတင်းနဲ့ ကွက်တိပါပဲ။

အရင်ကလည်း တရုတ်ကနေ OnePlus 8 Lite ရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ သူ့မှာ ၆.၄ လက်မ S AMOLED E2 Display ပါလာမှာ ဖြစ်ပြီး Full HD+ Resolution ဖြစ်ပါတယ်။ 90Hz Refresh Rate ကို ထောက်ပံ့တဲ့အတွက် ဂိမ်းကစားရင် ဖလန်းဖလန်းထနေမှာပါ။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာပါ။ Dimensity 1000 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB LPDDR4x RAM ပါလာမှာပါ။ UFS 3.0 Storage ကို ထောက်ပံ့ပြီး 128GB or 256GB Storage တွေရွေးချယ်နိုင်မှာပါ။

အရှေ့ဘက်မှာ 16MP Punch Hole Camera ထည့်ထားမှာပါ။ အနောက်ဘက်မှာ 48MP Main , 16MP Ultrawide နဲ့ 12MP Telephoto Camera တွေ ပါလာမှာ ဖြစ်ပြီး OIS နဲ့ EIS ကို ထောက်ပံ့ထားမှာပါ။ 30W Fast Charging ပါတဲ့ 4,000mAh Battery ပါလာနိုင်ပါတယ်။ အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားမှာပါ။ IP53 ရေစိုခံစံနှုန်း ထည့်သွင်းထားမှာပါ။

Ref : gsmarena

%d bloggers like this: