iPhone 9 Case တွေ အမေရိကန်ကို ရောက်လာပြီ

Apple က iPhone 9 အပြင် iPhone 9 Plus ကိုပါ ထုတ်လုပ်ရောင်းချမယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ iPhone 9 Case တွေကို အမေရိကန်က Best Buy အရောင်းဆိုင်မှာ တွေ့လာရပါပြီ။ ၄.၇ လက်မ iPhone အတွက်လို့ ဘူးခွံမှာ ရေးသားထားတဲ့အတွက် ဒါဟာ iPhone 9 Case ဆိုတာ သေချာပါတယ်။

iPhone 9 မှာ iPhone 11 Series မှာလို A13 Bionic Chip မောင်းနှင်ထားမှာ ဖြစ်ပြီး 3GB RAM LPDDR4X RAM နဲ့ 64/128GB Storage တွေ ပါလာမှာပါ။ Space Gray , Silver နဲ့ Red အရောင်တွေ ထုတ်လုပ်ထားမှာဖြစ်ပြီး iPhone 9 ဟာ ဒီဇိုင်းပိုင်းမှာ iPhone 8 ကို အခြေခံတည်ဆောက်ထားတာလို့ သတင်းထွက်နေပါတယ်။ iPhone 9 မှာ Touch ID ကို Homr Button မှာ မြှပ်နှံထားမှာ ဖြစ်ပြီး အရင်ကတော့ Face ID ပဲသုံးထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

iPhone 9 Plus မှာ ၅.၅ လက်မ မျက်နှာပြင် နဲ့ iPhone 9 မှာ ၄.၇ လက်မ မျက်နှာပြင် ပါလာမှာပါ။ iPhone 9 Plus ရဲ့ Specs အများစုဟာ iPhone 9 နဲ့ တူမှာပါ။ iPhone 9 LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Full Screen Design မဟုတ်ပါဘူး။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားမှာဖြစ်ပြီး နောက်လ ၅ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

%d bloggers like this: