OPPO Reno5 Series ကို မေလမှာ ကြေညာနိုင်

တရုတ်က ထွက်လာတဲ့ သတင်းအရ OPPO Reno5 Series ကို မေလမှာ ကြေညာမယ်လို့ သိရပါတယ်။ နာမည်ကျော် Leakster Digital Chat Station က ဒီသတင်းကို ဝေမျှလိုက်တာ ဖြစ်ပြီး Reno Series အသစ်ကို အချိန်တိုအတွင်း ကြေညာလာတာ ဖြစ်နိုင်ပါတယ်။ OPPO က “ 4” ဂဏန်းဟာ တရုတ် အယူအရ သေခြင်းနဲ့ သက်ဆိုင်တဲ့အတွက် နိမိတ်မကောင်းဘူးလို့ ယူဆတဲ့ အတွက် Reno4 Series ကို ကျော်ပြီး Reno5 Series ကို ကြေညာတာဖြစ်နိုင်ပါတယ်။

Reno3 Series ကို တရုတ်မှာ ပြီးခဲ့တဲ့ ၃ လ ဖြစ်တဲ့ ဒီဇင်ဘာလလောက်ကမှ ကြေညာထားခဲ့တာ ဖြစ်ပြီး ဒီလ အစောပိုင်းမှာ နိုင်ငံတကာ မော်ဒယ်တွေကို ချပြခဲ့ပါတယ်။ Reno5 Series ကို မေလမှာ ကြေညာမယ်ဆိုတဲ့ သတင်းကလွဲပြီး အဲဒီ စမတ်ဖုန်းတွေရဲ့ Specs တွေကို မသိရသေးပါဘူး။ မကြာခင်မှာ သူတို့ရဲ့ သတင်းအချက်အလက်တွေ ပိုထွက်လာမယ်လို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: