OnePlus 8 Series ကို ဧပြီလ ၁၄ ရက်နေ့မှာ ကြေညာမည်

OnePlus 8 Series ကို နောက်လ ၁၄ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ OnePlus ရဲ့ တွစ်တာ အကောင့်ကနေ ကြေညာလိုက်တာ ဖြစ်ပြီး YouTube နဲ့ OnePlus ရဲ့ Website မှာ ဖုန်း မိတ်ဆက်ပွဲကို တိုက်ရိုက်ပြသမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက “Lead with Speed “ Tagline ကို ဒီနှစ်မှာ အသုံးပြုထားပါတယ်။

OnePlus က OnePlus 8 Series တွေ အပြင် တရားဝင် Website က Teaser ဓါတ်ပုံအရ နိုင်ငံတကာ ဈေးကွက်အတွက် OnePlus TV 55 Q1 Pro ကိုပါ ကြေညာနိုင်ပါတယ်။

OnePlus 8 Series အတွက် မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားနိုင်ပြီး OnePlus 8 နဲ့ 8 Pro ကို ကြေညာအပြီး လအနည်းငယ်လောက်မှ Lite ကို မိတ်ဆက်နိုင်ပါတယ်။ စွမ်းရည်မြင့် OnePlus 8 နဲ့ 8 Pro မှာ 120Hz နဲ့ 90Hz Screens တွေ အသီးသီး တပ်ဆင်ထားနိုင်ပြီး Snapdragon 865 Chipsets နဲ့ 5G ဆက်သွယ်မှု ပါလာနိုင်ပါတယ်။ စွမ်းရည်နိမ့် Lite မော်ဒယ်ကို OnePlus Z နာမည်နဲ့ ကြေညာနိုင်တယ်လို့ သတင်းထွက်လာပြီး MediaTek Dimensity Chipset ၊ ကင်မရာ ၂ လုံး ပါလာနိုင်ပါတယ်။ ၄၀၀ စတာလင်ပေါင်လောက် ရှိနိုင်ပြီး မြန်မာငွေ ၆ သိန်း ၈ သောင်းလောက် ရှိနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: