64MP Quad ကင်မရာနဲ့ Kirin 820 5G ပါတဲ့ Honor 30S ကို ကြေညာပြီ

Honor က စွမ်းရည်သင့် 30S ကို တရုတ်မှာ ကြေညာလိုက်ပြီး Kirin 820 5G SoC မောင်းနှင်ထားပါတယ်။ ၆.၅ လက်မ FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး Screen-to-body Ratio က ၉၀.၃ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် Full Screen ဒီဇိုင်းက တော်တော်လန်းပါတယ်။ 16MP Punch Hole ကင်မရာနဲ့ အနောက်ဘက်မှာ 64MP Main , 8MP Telephoto (3x Optical Zoom) , 8MP 120 Degree Ultrawide နဲ့ 2MP Macro ကင်မရာ ၄ လုံးထည့်သွင်းထားပါတယ်။

Android 10 အခြေပြု Magic UI 3.1.1 မောင်းနှင်ထားပြီး Google Mobile Services မဟုတ်ဘဲ Huawei Mobile Services ထည့်ထားပါတယ်။ ဘေးဘက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး အနောက်ဘက်က အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပါတယ်။ 40W Super Fast Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်း ကောင်းသလို အားသွင်းနှုန်းက အရမ်းမြန်ပါတယ်။ ၃၀ မိနစ်အတွင်းမှာ ၇၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

HONOR 30S specifications

• 6.5-inch (2400 × 1080 pixels) Full HD+ LCD 2.5D curved glass display with 96% NTSC color gamut
• HUAWEI Kirin 820 5G (1 x Cortex-A76 Based 2.36GHz + 3 x Cortex-A76 Based 2.22GHz + 4 x Cortex-A55 1.84 GHz) processor with ARM Mali-G57MP6 GPU, 1 x NPU (Neural-network Processing Unit)
• 8GB LPDDR4x RAM with 128GB / 256GB storage
• Android 10 with Magic UI 3.1.1
• Dual SIM
• 64MP camera with f/1.8 aperture, 8MP 120° ultra-wide camera with f/2.4 aperture, 8MP telephoto camera with f/2.4 aperture, 3x optical zoom, 2MP 4cm macro camera with f/2.4 aperture
• 16MP front camera with f/2.0 aperture
• Side-mounted fingerprint sensor
• 3.5mm audio jack
• Dimensions: 162.31 x 75.0 x 8.58mm; Weight: 190g
• 5G SA/NSA, Dual 4G VoLTE, WiFi 802.11ac (2.4GHz/5GHz), Bluetooth 5.1, GPS, USB Type-C
• 4000mAh (typical) / 3900mAh (minimum) with 40W super Fast charging

Honor 30S အတွက် အနက်၊ အစိမ်းနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားပြီး 128GB Storage Version ကို ၂,၃၉၉ ယွမ်နဲ့ 256GB Storage Version ကို ၂,၆၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄ သိန်း ၇ သောင်းနဲ့ ၅ သိန်း ၃ သောင်းလောက်ရှိပြီး တရုတ်မှာ ဧပြီလ ၇ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: