အနောက်ကင်မရာ ၂ လုံးနဲ့ 5,000mAh ဘက်ထရီ ပါတဲ့ Honor Play 9A ကို ကြေညာ

Honor က တန်ဖိုးနည်း Play 9A ကို ကြေညာလိုက်ပြီး ၆.၃ လက်မ HD+ 20:9 မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Octa-core MediaTek Helio P35 SoC မောင်းနှင်ထားပြီး 4GB RAM , 128GB Storage ပါပါတယ်။ 512GB microSD Card စိုက်နိုင်တဲ့အတွက် ဓါတ်ပုံ၊ ဗီဒီယိုတွေ ရှယ်သိမ်းလို့ရပါတယ်။

အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 13MP + 2MP Depth ကင်မရာ ၂ လုံးကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပြီး 5,000mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်းက တော်တော်လန်းမှာပါ။ Android 10 အခြေပြု Magic UI 3.0.1 မောင်းနှင်ထားပေမယ့် Google Mobile Services မပါဘဲ Huawei Mobile Services ပဲ ထည့်ထားပါတယ်။ micro USB နဲ့ 10W Charging ပဲ ပါတာက သိပ်မမိုက်ပါဘူး။

Honor Play 9A specifications

• 6.3-inch (1600 × 720 pixels) HD+ 20:9 display
• 2.3GHz Octa-Core (ARM Cortex A53) MediaTek Helio P35 12nm Processor with 680 MHz IMG PowerVR GE8320 GPU
• 4GB RAM, 64GB/128GB storage, expandable memory up to 512GB with microSD
• Android 10 with Magic UI 3.0.1
• Dual SIM (nano + nano + microSD)
• 13MP f/1.8 (primary) + 2MP f/2.4 (depth sensor)
• 8MP front-facing camera with f/2.0 aperture
• Dimensions: 159.07 × 74.06 × 9.04; Weight: 185g
• Dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5.0, GPS + GLONASS, micro USB
• 5000mAh (Typical) / 4900mAh (Minimum) battery

အနက်၊ အပြာနဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ထားပြီး 4/64GB ကို ၈၉၉ ယွမ်နဲ့ 4/128GB ကို ၁၁၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁ သိန်း ၇ သောင်းနဲ့ ၂ သိန်း ၃ သောင်းလောက်ရှိပြီး တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။

Ref : fonearena

%d bloggers like this: