Amazon Germany မှာ စာရင်းတင်ထားတဲ့ Samsung Galaxy Tab S6 Lite

Samsung Galaxy Tab S6 Lite ကို တရားဝင် မကြေညာရသေးပါဘူး။ ဒါပေမယ့် Amazon Germany မှာ သူ့ကို စာရင်းတင်ထားပြီး ကြိုတင်မှာယူခွင့်ပြုလိုက်ပါပြီ။ ဧပြီလ ၂ ရက်နေ့မှာ ရောင်းမှာဖြစ်ပြီး LTE Version ကို ၄၃၀ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆ သိန်း ၅ သောင်းလောက် ရှိပါတယ်။

WiFi Version ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပေမယ့် 5G Version တော့ မထွက်လာနိုင်ပါဘူး။ Amazon မှာ Specs တချို့ကို ဖော်ပြထားပြီး ၁၀.၄ လက်မ မျက်နှာပြင်နဲ့ S Pen ပါလာမှာပါ။ မျက်နှာပြင် အမျိုးအစားကို မသိရသေးပေမယ့် အရင်ထွက်ထားတဲ့ သတင်းအရ LCD သုံးထားနိုင်ပြီး Exynos 9611 Chip မောင်းနှင်ထားမှာပါ။

Amazon မှာ Android 10 မောင်းနှင်ထားပြီး 4GB RAM နဲ့ 26.34Wh ဘက်ထရီ ပါမယ်လို့ ဖော်ပြထားပါတယ်။ အထူက ၇ မီလီမီတာနဲ့ အလေးချိန်က ၇၉၈ ဂရမ် ရှိပါတယ်။ AKG Tuning နဲ့ Dolby Atmos ပါတဲ့ စပီကာ ၂ လုံး ထည့်သွင်းထားပါတယ်။

Ref : gsmarena

%d bloggers like this: