အနောက်ကင်မရာ ၃ လုံးနဲ့ 5,000mAh ဘက်ထရီ ပါတဲ့ Samsung Galaxy M11 ကို ကြေညာပြီ

Samsung က M Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Galaxy M11 ဖြစ်ပြီး ၆.၄ လက်မ HD+ Infinity-O LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 720x1560p Resolution ဖြစ်ပြီး 1.8GHz Octa-core Processor မောင်းနှင်နိုင်ပါတယ်။ Samsung က Processor နာမည်ကို မပြောသေးပါဘူး။

4GB RAM , 64GB Storage ပါလာပြီး 512GB microSD Card စိုက်နိုင်ပါတယ်။ ခေတ်စားနေတဲ့ Punch Hole ပါလာပြီး အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ 13MP , 5MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ Android အခြေပြု OneUI မောင်းနှင်ထားပြီး Android Version ကို မသိရသေးပါဘူး။ 15W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။

Samsung Galaxy M11 specifications

• 6.4-inch (1560 × 720 pixels) HD+ LCD TFT display
• 1.8GHz Octa-Core processor
• 3GB RAM with 32GB storage / 4GB RAM with 64GB Storage, expandable up to 512GB via micro SD card
• OneUI based on Android OS
• Dual SIM + dedicated microSD slot
• 13MP f/1.8 (primary) + 5MP f/2.2 (115-degree ultra-wide) + 2MP f/2.4 (depth camera)
• 8MP front camera with f/2.0 aperture
• Physical fingerprint scanner, Face Unlock
• Dimension: 161.4 x 76.3 x 9.0 mm; Weight: 197g
• 3.5mm audio jack, FM Radio
• Dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 4.2, USB Type-C, GPS + GLONASS
• 5000mAh (typical) battery; 15W charging

အနက်၊ အပြာနဲ့ ခရမ်းရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။ ဈေးချိုမှာတော့ သေချာပါတယ်။

Ref : fonearena

%d bloggers like this: