Huawei P40 vs OPPO Find X2 vs Xiaomi Mi 10: Specs Comparison

Huawei က မကြာခင်ကပဲ စွမ်းရည်မြင့် P40 Series ကို ကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ P40 က ဈေးအသက်သာဆုံး ဖြစ်ပြီး စွမ်းရည်မြင့် ဖုန်း ကိုင်ချင်ပေမယ့် ငွေအရမ်း မသုံးချင်သူတွေအတွက် သင့်တော်ပါတယ်။ P40 လိုပဲ စွမ်းရည်မြင့် Xiaomi Mi 10 နဲ့ OPPO Find X2 တို့ကိုလည်း မကြာခင်က ကြေညာခဲ့ပြီး အဲဒီ ဖုန်း ၃ လုံးကို နှိုင်းယှဉ်ပေးလိုက်ပါတယ်။


ဈေးနှုန်း

Huawei P40 နဲ့ Xiaomi Mi 10 တို့ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၈၀၀ ယူရို ရှိပြီး OPPO Find X2 ကို ၉၉၉ ယူရို သတ်မှတ်ထားပါတယ်။ ဖုန်း ၃ လုံးဟာ Specs တွေ မတိမ်းမယိမ်းရှိတဲ့အတွက် အကောင်းဆုံး ၁ လုံးကို ရွေးချယ်ရခက်ပါတယ်။ ဈေးနဲ့ ရွေးမယ်ဆိုရင် Huawei P40 ကို သဘောကျပါတယ်။ OPPO Find X2 က မျက်နှာပြင်နဲ့ အားအမြန်သွင်း နည်းပညာ အပိုင်းမှာ အလန်းဆုံး ဖြစ်သလို ကင်မရာ ၃ လုံးကလည်း တော်တော်မိုက်ပါတယ်။ ဘက်ထရီ သက်တမ်းနဲ့ Wireless Charging အကောင်းဆုံးကို လိုချင်ရင် Xiaomi Mi 10 ကို ရွေးပါ။ သူတို့ရဲ့ အားသာချက် ၊ အားနည်းချက် အသေးစိတ်ကို အောက်မှာ လေ့လာပြီး သင်နှစ်သက်တာကို ရွေးချယ်ပါ။

Huawei P40 vs Oppo Find X2 vs Xiaomi Mi 10: PRO and CONS

Oppo Find X2
PROS
• Amazing display
• Fastest charging technology
• Great design
• Splash resistant
• Stereo speakers
CONS
• Price

Xiaomi Mi 10
PROS
• Good price
• Bigger battery
• Reverse wireless charging
• Fastest wireless charging
• Stereo speakers
CONS
• Nothing particular

Huawei P40
PROS
• More compact
• Splash resistant
• 3D facial recognition
• Great cameras
CONS
• Smaller battery

Ref : gizmochina

%d bloggers like this: