Huawei က P40 Pro အတွက် Gaming Case ကို ပြသ

Huawei က စွမ်းရည်မြင့် P40 ဖုန်း အသစ်တွေအတွက် ဆီလီကွန် Case တွေအပြင် ထူးခြားဆန်းသစ်တဲ့ Case တွေကို ချပြလိုက်ပါတယ်။ P40 Pro အတွက် Gaming Case ၁ ခုပါလာပြီး ဖုန်းကို အလျားလိုက်ကိုင်ထားရင် ထိပ် ၁ ဖက်စီမှာ Shoulder Button တွေကို သုံးနိုင်မှာပါ။ ဖုန်းမှာ Case တပ်လိုက်တာနဲ့ ဘလူးတုနဲ့ ဖုန်းကို ချိတ်ဆက်နိုင်ဖို့ အသိပေးမှာပါ။ P40 Pro နဲ့ Pro+ ဟာ အရွယ်အစား တူတဲ့အတွက် Gaming Case ကို Pro+ မှာပါ သုံးလို့ရနိုင်မယ်လို့ထင်ပါတယ်။

P40 အတွက် Wireless Charging Case ကိုလည်း Huawei က ပြသလိုက်ပါတယ်။ P40 မှာ ကြိုးမဲ့အားသွင်းစနစ် မပါတဲ့အတွက် ဒီ Case တပ်လိုက်ရင် အိုကေပါပြီ။ 22.5W Speed ထောက်ပံ့ပေးနိုင်တာက တော်တော်လန်းပါတယ်။

P40 Pro အတွက် Glamorous Case ကိုလည်း ထုတ်လုပ်ပေးထားပြီး Swarovski Crystals တွေနဲ့ အလှဆင်ထားပါတယ်။ အထူးထုတ် ဘူးခွံထဲမှာ ထည့်ထားပြီး Case ဒီဇိုင်းက အရောင်ပြိုးပြိုးပျက်ပျက်နဲ့ အရမ်းမိုက်ပါတယ်။

Ref : gsmarena

%d bloggers like this: