Xiaomi Mi CC9 Pro အတွက် Android 10 ကို ဧပြီလမှာ ရမည်

Xiaomi က Mi CC9 Pro အတွက် Android 10 ကို ဧပြီလနှောင်းပိုင်းမှာ ဖြန့်ချိပေးမယ်လို့ ဝီဘိုကနေ ကြေညာလိုက်ပါတယ်။ Update မှာ Fingerprint Unlocking က ပိုမြန်လာပြီး ကင်မရာကလည်း ပိုသွက်လာမှာပါ။ ဖုန်း ၁ ခုလုံးရဲ့ စွမ်းဆောင်ရည်က တိုးတက်လာမှာ ဖြစ်ပြီး Document Capture Mode အသစ် ပါလာမှာပါ။

Mi CC9 Pro မှာ လိုအပ်နေတဲ့ Security Update အသစ် ထည့်သွင်းထားမယ်လို့ ထင်ရပါတယ်။ Mi CC9 Pro ကို တရုတ်မှာပဲ ရောင်းပေးထားတဲ့အတွက် ဧပြီလနှောင်းပိုင်းမှာ တရုတ်မှာ ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ သူ့ကို နိုင်ငံတကာမှာ Mi Note 10 နာမည်နဲ့ ရောင်းပေးထားပြီး Mi CC9 Pro ပြီးနောက် သိပ်မကြာခင်မှာ Mi Note 10 အတွက် ဖြန့်ချိပေးနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: