ဓါတ်ပုံတွေ ထွက်လာတဲ့ Samsung Galaxy Fold 2

Samsung ရဲ့ ဒုတိယမျိုးဆက် ခေါက်ချိုးဖုန်း ဖြစ်တဲ့ Galaxy Fold 2 ရဲ့ သတင်းတွေ ပျောက်ချက်သားကောင်းနေတာ ကြာပါပြီ။ အခုတော့ သူ့ရဲ့ ဓါတ်ပုံတွေ ထွက်လာပေမယ့် နမူနာမော်ဒယ်ရဲ့ ပုံတွေ မဟုတ်ဘဲ ပေါက်ကြားနေတဲ့ သတင်းတွေကို အခြေခံပြီး ရေးဆွဲထားတဲ့ ပုံတွေ ဖြစ်ပါတယ်။ မကြာခင်က ကြေညာခဲ့တဲ့ Galaxy S20 Series ရဲ့ လေးထောင့်ကင်မရာ ဒီဇိုင်းကို သုံးထားပြီး ပင်မ မျက်နှာပြင်မှာ Punch Hole နဲ့ အပို မျက်နှာပြင်မှာ Notch ပါလာတာမြင်ရပါတယ်။

Samsung ဟာ Foldable ဖုန်း အများဆုံးထုတ်ထားတဲ့ ကုမ္ပဏီ ဖြစ်ပြီး Galaxy Fold နဲ့ Galaxy Z Flip ကို ထုတ်လုပ်ရောင်းချထားပါတယ်။ အရင်သတင်းတွေအရ Galaxy Fold 2 မှာ နည်းပညာ အသစ်ဖြစ်တဲ့ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ နောက်ပိုင်းသတင်းတွေအရတော့ Punch Hole ပဲ ပါလာနိုင်ပါတယ်။

Galaxy Fold 2 ကို ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ကြေညာနိုင်ပြီး ဇူလိုင်လက အဖြစ်နိုင်ဆုံးလို့ သတင်းထွက်နေပါတယ်။ အရင်မျိုးဆက်နဲ့ ဈေးနှုန်း တူနိုင်ပြီး ဖြန့်ထားရင် ၇.၇ လက်မ မျက်နှာပြင်ကို သုံးနိုင်မှာပါ။

အရင် သတင်းတွေအရ Galaxy Fold 2 ရဲ့ ခေါက်ချိုး ဒီဇိုင်းဟာ အရင်မျိုးဆက်နဲ့ တူပြီး Galaxy Z Flip မှာလို ဒေါင်လိုက် ခေါက်ချိုး ဒီဇိုင်း မဟုတ်ပါဘူး။ ထူးခြားတာက S Pen ပါလာမယ် ဆိုတာပါ။ 108MP ပင်မ ကင်မရာ ပါလာနိုင်ပြီး မျက်နှာပြင်ကို Ultra Thin Glass နဲ့ ဖုံးအုပ်ထားနိုင်ပါတယ်။ အရင်မျိုးဆက် Galaxy Fold မှာတော့ ပလတ်စတစ် မျက်နှာပြင်ကို သုံးထားတာပါ။ Snapdragon 865 Chipset မောင်းနှင်ထားနိုင်ပြီး 5G Support ပါလာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: