SD730 နဲ့ 64MP Penta ကင်မရာပါတဲ့ Xiaomi Mi Note 10 Lite လာမည်

ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တဲ့ Xiaomi Mi Note 10 ဟာ ကင်မရာကို အသားပေးထားပြီး အလန်းစား စွမ်းရည်သင့် ဖုန်းဖြစ်ပါတယ်။ Mi Note 10 နဲ့ Pro တို့ဟာ 108MP ကင်မရာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်းတွေ ဖြစ်ပြီး Pro မော်ဒယ်ဟာ DxOMark ရဲ့ ကင်မရာ အကောင်းဆုံး ဖုန်း စာရင်းမှာ နံပါတ် ၆ နေရာမှာ လက်ရှိ ရပ်တည်နေပါတယ်။ အခုတော့ Mi Note 10 Lite ထွက်လာမယ်လို့ သတင်းထွက်လာပါတယ်။


Mi Note 10 Lite မှာ ၆.၄၇ လက်မ မျက်နှာပြင်ပါလာမယ်လို့ သတင်းထွက်နေပြီး မျက်နှာပြင် အမျိုးအစား (AMOLED or LCD) ကို မသိရသေးပါဘူး။ Waterdrop Notch ပါမလား၊ Punch Hole ပါမလား ဆိုတာလည်း သတင်းမထွက်သေးပါဘူး။

Mi Note 10 ရဲ့ 108MP အစား Lite မှာ 64MP ပင်မ ကင်မရာကို သုံးထားနိုင်ပြီး 8MP ၂ လုံး , 5MP ၁ လုံး နဲ့ 2MP ၁ လုံးနဲ့ အားဖြည့်ထားမယ့်အတွက် စုစုပေါင်း ကင်မရာ ၅ လုံးပါလာမှာပါ။ 32MP ဆဲလ်ဖီး ကင်မရာ အစား 16MP ကင်မရာနဲ့ အစားထိုးထားမှာပါ။ Snapdragon 730 Chipset မောင်းနှင်ထားနိုင်ပြီး RAM/Storage Version ၂ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ ပမာဏတွေကို မသိရသေးပါဘူး။

နောင်တော်တွေလိုပဲ 5,260mAh ဘက်ထရီနဲ့ 30W Wired Fast Charging ပါလာမှာ ဖြစ်ပြီး Android 10 မောင်းနှင်ထားနိုင်ပါတယ်။ ကြေညာမယ့်အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina

%d bloggers like this: