Android အတွက် Monument Valley 2 နဲ့ Lara Croft Go ကို အခမဲ့ ကစားနိုင်ပြီ

နာမည်ကြီး မိုဘိုင်းဂိမ်း ၂ ခု ဖြစ်တဲ့ Monument Valley 2 နဲ့ Lara Croft Go ကို Android အတွက် အခမဲ့ ကစားနိုင်ပြီ ဖြစ်ပါတယ်။ ဂိမ်း ၂ ခုစလုံးဟာ The Game Awards မှာ “Best Mobile Game” ဆုကို ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်မှာ အသီးသီး ရရှိခဲ့ပြီး ဂိမ်မာတွေနဲ့ ဂိမ်းကုမ္ပဏီတွေရဲ့ အကောင်းစား Review တွေ ရထားပါတယ်။

လာမယ့် ၇ ရက်အတွင်း အခမဲ့ Download လုပ်နိုင်မှာ ဖြစ်ပြီး ဗိုင်းရက်စ်ကြောင့် အိမ်မှာ နေထိုင်နေသူတွေအတွက် သတင်းကောင်း ဖြစ်ပါတယ်။ အောက်က လင့်တွေကနေ Download ပြုလုပ်နိုင်ပါတယ်။

Monument Valley 2

Lara Croft Go

Ref : gsmarena

%d bloggers like this: