Motorola One အတွက် Android 10 ရပြီ

Motorola ရဲ့ ပထမဆုံး မျိုးဆက် One စမတ်ဖုန်းကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရောင်းချခဲ့ပါတယ်။ သက်တမ်း တော်တော်ကြာနေပြီ ဖြစ်ပေမယ့် ကုမ္ပဏီက သူ့ကို မေ့မထားသေးပါဘူး။ Motorola က သူ့အတွက် Android 10 Update ကို ဖြန့်ချိပေးလိုက်ပါတယ်။

Update ကို ဘရာဇီးမှာ စတင် ဖြန့်ချိပေးနေပြီ ဖြစ်ပြီး Build Number က QPK30.54-22 ဖြစ်ပါတယ်။ Update မှာ System-wide Dark Mode နဲ့ တည်နေရာ Permissions ကို ကောင်းကောင်းထိန်းချုပ်နိုင်ခြင်းတို့လို Android 10 ရဲ့ လုပ်ဆောင်ချက်တွေ ပါတဲ့ အပြင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွက် Security Patch လည်း ပံ့ပိုးပေးထားပါတယ်။

Motorola က ကမ္ဘာအဝန်းအတွက် ဖြန့်ချိပေးနေတဲ့ အတွက် သင့်ရဲ့ Motorola One မှာ Android 10 ကို မရသေးရင် ရက်အနည်းငယ် စောင့်ဆိုင်းပေးရမှာ ဖြစ်ပါတယ်။ သင့် ဖုန်းမှာ Update ရပြီလားဆိုတာ သိချင်ရင် Settings ထဲမှာ စစ်ဆေးနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: