Google Duo မှာ လူ ၁၂ ယောက်အထိ Video Call လုပ်နိုင်ပြီ

Google က Duo App ကို ဆက်လက် အသက်သွင်းနေပါတယ်။ မကြာခင်ကတော့ Google ဟာ Duo App ကို ရပ်နားပြီး Messaging နဲ့ Social Networking Apps အသစ်တွေ ဖြန့်ချိမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Google က Duo မှာ လူ ၁၂ ယောက်အထိ Video Call လုပ်နိုင်အောင် ပြုလုပ်ပေးလိုက်ပါတယ်။

အရင်ကတော့ လူ ၈ ယောက်ပဲ ပါဝင်နိုင်တဲ့အတွက် တော်တော်တိုးတက်လာတာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ကျရောက်နေတဲ့ ကိုရိုနာဗိုင်းရက်စ်ကြောင့် မိသားစုဝင်များများ ဆက်သွယ်လို့ရအောင် ဒီလို လုပ်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။ အခုဆိုရင် လူတော်တော်များများဟာ အိမ်မှာပဲ နေနေကြရပြီး Video Call ကနေ ဆက်သွယ်စကားပြောတာ ၊ အလုပ်လုပ်တာတွေ ပြုလုပ်နေကြပါတယ်။

ဆာဗာဘက်ခြမ်းကနေ Update လုပ်ပေးလိုက်တဲ့ အတွက် အဲဒီ လုပ်ဆောင်ချက်အသစ်ကို သုံးဖို့ App ကို Update လုပ်စရာ မလိုပါဘူး။ လာမယ့် ရက်အနည်းငယ်အတွင်းမှာ တစ်ကမ္ဘာလုံးမှာ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: