အနောက်ကင်မရာ ၄ လုံးပါတဲ့ Redmi 9 ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

Redmi 8 ကို အောက်တိုဘာလကမှ ကြေညာခဲ့တာ ဖြစ်တဲ့အတွက် Redmi 9 ကို မဖန်တီးရသေးဘူးလို့ ထင်နေကြပါတယ်။ အခုတော့ Redmi 9 ရဲ့ ဓါတ်ပုံ ၁ ပုံထွက်ပေါ်လာပြီး အနောက်ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။ ကင်မရာ ၃ လုံးကို အလယ်နားမှာ ဒေါင်လိုက်နဲ့ နောက် ၁ လုံးကို ညာဘက်မှာ LED Flash ၁ လုံးနဲ့အတူ ထည့်သွင်းထားပါတယ်။

သူ့ရဲ့ ကင်မရာ Specs တွေလည်း ထွက်လာပြီး အနောက်ကင်မရာ ၄ လုံးက 13MP Main , 8MP Ultrawide ,5MP Macro နဲ့ 2MP Depth တွေဖြစ်ပါတယ်။ အရင်ထွက်ခဲ့တဲ့ သတင်းအရ Redmi 9 မှာ ၆.၆ လက်မ Notched Display တပ်ဆင်ထားမှာ ဖြစ်ပြီး Redmi 8 ရဲ့ ၆.၂၂ လက်မ Display ထက် ပိုကြီးမားလာတာပါ။ တန်ဖိုးနည်း မော်ဒယ်မှာ 4/64GB ပါလာမှာ ဖြစ်ပြီး အရင် မျိုးဆက်ရဲ့ 3/32GB ထက် ပိုများလာတာပါ။ 4/64GB ထက် ပိုများတဲ့ မော်ဒယ်တွေလည်း ထွက်လာနိုင်ပါတယ်။

Android 10 အခြေပြု MIUI 11 ထည့်ထားမှာ သေချာပါတယ်။ Redmi 9 ရဲ့ သတင်းအချက်အလက်တွေကို လက်ရှိမှာ ဒီလောက်ပဲ သိရပါသေးတယ်။ ဒီနှစ် အစောပိုင်းမှာ ကြေညာမယ်လို့ သတင်းထွက်နေတဲ့အတွက် မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပိုသိလာရမှာပါ။

Ref : gsmarena

%d bloggers like this: