TikTok က ကိုရိုနာဗိုင်းရက်စ် တိုက်ဖျက်ဖို့ ဒေါ်လာ ၁၀ သန်း လှူဒါန်း

ဆယ်ကျော်သက်တွေ အသည်းစွဲ TikTok က ကိုရိုနာဗိုင်းရက်စ် ကပ်ရောဂါဆိုးကို တိုက်ဖျက်ဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကို ဒေါ်လာ ၁၀ သန်း လှူဒါန်းလိုက်ပါတယ်။ ဒါ့အပြင် TikTok က သူ့ရဲ့ လူမှုကွန်ရက်မှာ ဗိုင်းရက်စ်နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို ဖယ်ရှားဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ဗိုင်းရက်စ်ရဲ့ သတင်းအမှန်တွေနဲ့ အန္တရာယ်ကို ပရိတ်သတ် လူငယ်တွေကို အသိပေးဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

TikTok က WHO ရဲ့ Solidarity Response Fund ကို လှူဒါန်းတာ ဖြစ်ပြီး အဲဒီ Fund ဟာ ကပ်ရောဂါဆိုးကို ရှေ့တန်းကနေ အသက်ပေး တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို အဓိက ထောက်ပံ့ပေးနေပါတယ်။ ရောဂါ ကာကွယ်ဆေးနဲ့ ကုသဆေးတွေ သုတေသန ပြုလုပ်တဲ့အခါမှာလည်း ဒီထောက်ပံ့ငွေက အကျိုးပြုမှာ ဖြစ်ပါတယ်။

TikTok က အဲဒီ ၁၀ သန်းထဲက ၃ သန်းကို ကျောင်းတွေ ပိတ်လိုက်တဲ့အတွက် ထိခိုက်သွားတဲ့ မိသားစုတွေကို ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ WHO ကလည်း ဗိုင်းရက်စ်ကို တိုက်ဖျက်ဖို့အတွက် မကြာခင်ကပဲ TikTok မှာ အကောင့် ဖွင့်ခဲ့ပြီး ရောဂါ ကာကွယ်နည်းတွေ၊ သတင်းအမှန်တွေကို ဝေမျှပေးနေပါတယ်။

Ref : wersm

%d bloggers like this: