Netflix က HD ဗီဒီယိုတွေ ကြည့်နိုင်ပြီ ဖြစ်တဲ့ Realme 6

Realme က ဒီလ အစောပိုင်းက ကြေညာခဲ့တဲ့ Realme 6 အတွက် ဒုတိယမြောက် Software Update ကို ဖြန့်ချိပေးလိုက်ပါတယ်။ Third-party Apps မှာ HD ဗီဒီယို ကြည့်လို့မရတဲ့ ပြဿနာကို ဖြေရှင်းပေးထားပါတယ်။ Firmware အသစ်ရဲ့ Version Number က RMX2001_11_B.17 ဖြစ်ပြီး အရွယ်အစားဟာ 320MB ဖြစ်ပါတယ်။ Over-the-air ကနေ ဖြန့်ချိပေးလိုက်တာ ဖြစ်ပြီး လာမယ့် ၁ ပတ်၊ ၂ ပတ်လောက်အတွင်းမှာ ဖုန်း အားလုံးမှာ ရတော့မှာပါ။

အရင်ကတော့ Realme India CMO Francis Wang က Realme 6 မှာ Helio G90T SoC ပါတဲ့အတွက် 1080p Streaming မရဘူးလို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ကုမ္ပဏီက ဒီပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ပါပြီ။


Realme 6 အတွက် ပထမဆုံး Software Update ကို ဒီလလယ်လောက်က မတ်လအတွက် Android Security Patch ပါလာပါတယ်။ Swipe-up လုပ်ရင် Google Assistant ကို ဆင့်ခေါ်တဲ့ Bug ကို ပြင်ဆင်ပေးထားပါတယ်။ ဒါ့အပြင် Update မှာ Soloop Video Edition App ထည့်သွင်းထားပါတယ်။ 16MP အရှေ့ ကင်မရာအတွက် လုပ်ဆောင်ချက် အသစ် ၂ ခုပါလာပြီး 120fps Slow-motion Video Recording နဲ့ Night Mode တွေ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: