OPPO က မျက်နှာပြင်ပါတဲ့ Smart Fitness Tracker ကို ဖန်တီးနေ

OPPO က မကြာခင်ကပဲ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီကို ကြေညာခဲ့ပြီး ချပ်ဝတ်တန်ဆာ ကွန်ပြူတာနယ်ပယ်ထဲ ဝင်ရောက်လာခဲ့ပါတယ်။ အခုလည်း နောက်ထပ် ချပ်ဝတ်တန်ဆာ ကွန်ပြူတာ ၁ ခုကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။ ပေါက်ကြားလာတဲ့ဓါတ်ပုံတွေအရ Smart Fitness Tracker ဖြစ်နိုင်ပြီး နှလုံးခုန်နှုန်းတိုင်းတာတဲ့ ဆန်ဆာလည်း ပါလာမယ်လို့ ထင်ပါတယ်။

သူ့မှာ မျက်နှာပြင်ငယ် ၁ ခု ထည့်သွင်းထားပြီး စမတ်ဖုန်းဆီဝင်လာတဲ့ Incoming Call ဝင်လာရင် နာရီကနေ Notifications တွေကို ပြသပေးနိုင်မယ်လို့ ထင်ပါတယ်။ အိပ်စက်မှု အခြေအနေကို တွက်ချက်ပေးနိုင်ပြီး ဘက်ထရီ သက်တမ်းက ရက်များစွာ အသုံးခံမယ်လို့ ထင်ပါတယ်။

တခြား Fitness Tracker တွေလိုပဲ ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးနိုင်မှာဖြစ်ပြီး OPPO ဟာ တန်ဖိုးနည်း Fitness Tracker နယ်ပယ်မှာ Xiaomi , Samsung , Realme နဲ့ Huawei တို့ကို လိုက်ဖိုက်တော့မှာပါ။

Ref : gsmarena

%d bloggers like this: