Apple က COVID-19 အတွက် App နဲ့ Website ကို ဖန်တီး

Apple က ကိုရိုနာဗိုင်းရက်စ်အတွက် App နဲ့ Website ကို ဖန်တီးပေးလိုက်ပါတယ်။ ဗိုင်းရက် သတင်းအချက်အလက်တွေ၊ စမ်းသပ်စစ်ဆေးဖို့နဲ့ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ သတင်းအချက်အလက်တွေကို ဖော်ပြထားပါတယ်။ Apple က Centers for Disease Control and Prevention (CDC), Federal Emergency Management Agency (FEMA) နဲ့ အိမ်ဖြူတော်တို့နဲ့ ပူးပေါင်းပြီး App နဲ့ Website ကို ဖန်တီးထားတာပါ။

ရောဂါ စစ်ဆေးနိုင်မယ့် နည်းလမ်းကိုလည်း ပံ့ပိုးပေးထားပြီး သင့်အား ရောဂါလက္ခဏာတွေ၊ မကြာခင်က ခရီးသွားထားတဲ့ ရာဇဝင်၊ ဗိုင်းရက်စ် ကူးစက်ထားသူတွေနဲ့ ထိတွေ့ဆက်ဆံထားဖူးသလားဆိုတဲ့ မေးခွန်းတွေကို မေးမြန်းမှာ ဖြစ်ပြီး သင် ကူးစက်နေတာလားဆိုတာ စစ်ဆေး သင့် ၊ မသင့် အကြံပေးမှာ ဖြစ်ပါတယ်။

Apple က Siri ကိုလည်း ဗိုင်းရက်စ်နဲ့ ပတ်သက်ပြီး သင်ကြားပေးထားပါတယ်။ Siri ကို သင် ဗိုင်းရက်စ် ကူးစက်နေပြီလားလို့ မေးရင် Siri က အလားတူ မေးခွန်းတွေကို မေးမှာ ဖြစ်ပြီး CDC က သတင်းအချက်အလက်တွေကို ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ Amazon ရဲ့ Alexa ကလည်း ဗိုင်းရက် ကူးစက်မှု ရှိ ၊ မရှိ အကြံပေးနိုင်ပြီး Microsoft က Healthcare Bot Service ကို ပံ့ပိုးပေးထားပါတယ်။

Ref : theverge

%d bloggers like this: