7,000mAh ဘက်ထရီပါတဲ့ Lenovo M10 Plus ကို ကြေညာပြီ

Lenovo က ဇန်နဝါရီလမှာ M10 FHD REL တက်ဘလက်ကို ကြေညာခဲ့ပြီး အခုတော့ Lenovo M10 Plus တက်ဘလက်ကို ချပြလိုက်ပါတယ်။ သူ့မှာ ၁၀.၃ လက်မ 1920×1200 မျက်နှာပြင် တပ်ဆင်ထားပြီး Screen-to-body Ratio က ၈၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အထူက ၈.၁၅ မီလီမီတာနဲ့ အလေးချိန်က ၄၈၀ ဂရမ် ဖြစ်ပါတယ်။

M10 Plus မှာ Helio P22T SoC နဲ့ 4GB RAM ပါပါတယ်။ ဒိတ်အောက်နေတဲ့ Android 9 Pie ပဲပါတာက သိပ်မမိုက်ပါဘူး။ 64GB နဲ့ 128GB Storage ရွေးချယ်နိုင်ပြီး 256GB microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 13MP နဲ့ အရှေ့ဘက်မှာ 8MP ကင်မရာတွေ တပ်ဆင်ထားပြီး Dolby Atmos ပါတဲ့ စပီကာ ၂ လုံးနဲ့ 3.5mm Headphone Jack ပါပါတယ်။

USB-C Port ကနေ 10W နဲ့ အားသွင်းနိုင်ပြီး 7,000mAh ဘက်ထရီ ပါပါတယ်။ WiFi နဲ့ LTE ထောက်ပံ့ထားပြီး အညိုရောင်ပဲ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၅၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်းလောက်ပဲရှိပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။

Ref : gsmarena

%d bloggers like this: