Realme နဲ့ OnePlus က ကိုရိုနာဗိုင်းရက်စ်ကြောင့် Warranties တိုးမြှင့်ပေး

COVID-19 ကပ်ရောဂါဆိုးကြောင့် ကမ္ဘာအဝန်းက စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နေကြပါတယ်။ အခုတော့ Realme နဲ့ OnePlus က သုံးစွဲသူတွေ စိတ်ကျေနပ်ပျော်ရွှင်စေဖို့ သူတို့ရဲ့ ထုတ်ကုန်တွေအတွက် Warranties ကို တိုးမြှင့်ပေးလိုက်ပါတယ်။

Realme India က မတ်လ ၂၀ နဲ့ ဧပြီလ ၃၀ ကြားမှာ Warranties သက်တမ်းကုန်မယ့် ထုတ်ကုန်တွေအတွက် မေလ ၃၁ ရက်နေ့အထိ တိုးမြှင့်ပေးလိုက်ပါတယ်။ ဒါ့အပြင် မတ်လ ၁၅ ရက်နဲ့ ဧပြီလ ၃၀ ရက်အတွင်း ဝယ်ယူထားတဲ့ ထုတ်ကုန်တွေမှာ ပစ္စည်း အနာအဆာပါရင် သို့မဟုတ် ပျက်ဆီးသွားရင် အစားထိုးလဲလှယ်ပေးတဲ့ ရက်ကို ၃၀ အထိ တိုးမြှင့်ပေးလိုက်ပါတယ်။


OnePlus ကလည်း မတ်လ ၁ ရက်ကနေ မေလ ၃၀ ရက်နေ့အတွင်း သက်တမ်းကုန်မယ့် ထုတ်ကုန်တွေအတွက် မေလ ၃၁ ရက်နေ့အထိမေလ ၃၁ ရက်နေ့အထိ တိုးမြှင့်ပေးလိုက်ပါတယ်။ ဒါ့အပြင် အပြစ်အနာအဆာပါတဲ့ ထုတ်ကုန်တွေ ပြန်လဲလှယ်နိုင်မယ့် ရက်ကို ၃၀ အထိ တိုးမြှင့်ပေးလိုက်ပါတယ်။

Ref : gsmarena

%d bloggers like this: