Apple က နောက်ထုတ်မယ့် စမတ်နာရီတွေရဲ့ Crown မှာ Touch ID Sensor ထည့်သွင်းနိုင်

နောက်မျိုးဆက် Apple Watch ရဲ့ သတင်းတွေ ထွက်လာပြီး Touch ID ပါလာမယ်လို့ သိရပါတယ်။ နောက်ထုတ်မယ့် စမတ်နာရီတွေရဲ့ Crown မှာ အဲဒီ ဆန်ဆာ တပ်ဆင်ထားမှာ ဖြစ်ပြီး ငွေပေးချေမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်သလို နာရီကို လက်ကချွတ်တိုင်း PIN ထည့်စရာ မလိုတော့ပါဘူး။ နောက်ထုတ်မယ့် Apple Watch မှာ ရေစိုခံ စွမ်းရည် ပိုကောင်းလာနိုင်ပြီး လက်ရှိ Watch Series 5 မှာ IPX7 ပဲပါပါတယ်။

WatchOS 7 မှာ “Hey Siri” Voice Commands ၊ သွေးတွင်းအောက်ဆီဂျင် ပမာဏနဲ့ အိပ်စက်မှု တိုင်းတာတာတွေ ပြုလုပ်နိုင်မယ် ထင်ပါတယ်။ အဲဒါတွေကို Fans တွေ လိုချင်နေတာ ကြာပါပြီ။ Apple ဟာ Watch Series 7 ကိုလည်း ဖန်တီးနေတယ်လို့ သတင်းထွက်လာပြီး အဲဒီမော်ဒယ်တွေမှာ Touch ID ကို မျက်နှာပြင်ထဲမှာ ထည့်ထားနိုင်ပါတယ်။

Apple ဟာ နောက်မျိုးဆက် စမတ်နာရီတွေမှာ မျက်နှာပြင် အဝိုင်းကို ပြောင်းသုံးမယ်လို့လည်း သတင်းထွက်လာပါတယ်။ Apple ဟာ ဇွန်လမှာ Worldwide Developer Conference ကို ကျင်းပမှာ ဖြစ်ပေမယ့် ဗိုင်းရက်စ်ကြောင့် အွန်လိုင်းကနေပဲ ပြုလုပ်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: