Samsung Galaxy Tab S6 Lite ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

Samsung က စွမ်းရည်သင့် တက်ဘလက် အသစ် ၁ လုံးကို ဖန်တီးနေပါတယ်။ သူ့ရဲ့ နာမည်က Galaxy Tab S6 Lite ဖြစ်ပြီး ထိုင်ဝမ်မှာ မှတ်ပုံတင်ထားပါတယ်။ အခုတော့ သူ့ရဲ့ ဓါတ်ပုံနဲ့ Specs တွေ ထွက်လာပါတယ်။ သူ့မှာ ၁၀.၄ လက်မ 2000×1200 LCD မျက်နှာပြင်နဲ့ S Pen ပါလာမှာပါ။

Exynos 9611 SoC မောင်းနှင်ထားပြီး 4GB RAM , 64GB Storage ပါလာမှာပါ။ တချို့နိုင်ငံတွေအတွက် 128GB Storage လည်း ထုတ်ပေးထားမှာပါ။ GPS ပါတဲ့ LTE Version လည်း ထုတ်လုပ်ထားမှာ ဖြစ်ပြီး WiFi Version မှာ NFC နဲ့ Bluetooth တွေ ထည့်ထားမှာပါ။ အနောက်ဘက်မှာ 8MP ကင်မရာနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ပါလာမှာပါ။

ဘက်ထရီက 7,040mAh ဖြစ်ပြီး S6 Lite မှာ USB-C ထောက်ပံ့ထားမှာပါ။ S Pen ကို ဘူးထဲမှာ တပါထဲ ထည့်ပေးထားမှာ ဖြစ်ပြီး WiFi မော်ဒယ်ကို ၃၅၀ နဲ့ ၄၀၀ ယူရိုကြား ရောင်းမှာပါ။ Android 10 မောင်းနှင်ထားမှာပါ။

Ref : gsmarena

%d bloggers like this: