OPPO Find X2 Lite လာမည်

OPPO Find X2 Lite ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ အွန်လိုင်းမှာ ထွက်ပေါ်လာပြီး သူဟာ Reno3 Youth နဲ့ လုံးဝကို တူနေပါတယ်။ တရုတ်မှာ OPPO Reno3 Youth ကို စတင် ရောင်းချပေးနေပြီး OPPO Find X2 Lite ဟာ Reno3 Youth ရဲ့ တရုတ်ပြင်ပမှာ ရောင်းမယ့် မော်ဒယ် ဖြစ်နိုင်ပါတယ်။

ပေါက်ကြားလာတဲ့သတင်းအရ OPPO Find X2 Lite မှာ Super AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်အောက်လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားမှာပါ။ Find X2 , Find X2 Pro တို့မှာလို Punch Hole ဒီဇိုင်း မဟုတ်ဘဲ အရွယ်သေး Notch ကို အသုံးပြုထားပါတယ်။

OPPO Find X2 Lite ကို ယွမ် ၂,၉၉၉ နဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၅ သိန်း ၈ သောင်းလောက် ကျသင့်မှာပါ။ လက်ရှိရောင်းချထားတဲ့ Find X2 ရဲ့ ဈေးက သူ့ထက် ၂ ဆ‌ကျော်များပါတယ်။

Ref : gsmarena

%d bloggers like this: