OnePlus 8 နဲ့ 8 Pro ရဲ့ Specs အသေးစိတ် ထွက်ပေါ်လာ

OnePlus 8 နဲ့ 8 Pro ကို ဧပြီလ ၁၅ ရက်နေ့မှာ ကြေညာတော့မယ်လို့ သတင်းထွက်နေပြီး အခုတော့ သူတို့ရဲ့ Specs Sheet ထွက်လာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Snapdragon 865 SoC နဲ့ 5G ပါလာမှာပါ။ Android 10 မောင်းနှင်ထားပြီး 8/128GB နဲ့ 12/256GB မော်ဒယ် ၂ မျိုးထုတ်လုပ်ထားမှာပါ။ Pro မှာ LPDDR5 RAM နဲ့ ရိုးရိုး 8 မှာ LPDDR4X ပါလာမှာပါ။

ဖုန်း ၂ လုံးစလုံးမှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာပါ။ ၂ လုံးစလုံးမှာ 30W Fast Charging ထည့်ထားမှာ ဖြစ်ပြီး အရင်သတင်းတွေအရ Pro မှာ 50W ပါမယ်လို့ သိခဲ့ရပါတယ်။ Pro အတွက် 30W Fast Wireless Charging နဲ့ 3W Reverse Charging ထည့်ထားမှာပါ။ IP68 စံနှုန်း ပါလာပြီး Specs Sheet အပြည့်အစုံကို အောက်မှာ လေ့လာပါ။

OnePlus က ဒီနှစ်မှာ Lite Version ကိုပါ ကြေညာမှာ ဖြစ်ပြီး ဇူလိုင်လမှာ ရောင်းမှာပါ။ Mediatek Chipset မောင်းနှင်ထားနိုင်ပြီး အနောက်ကင်မရာ ၂ လုံးနဲ့ Punch Hole မျက်နှာပြင် ထည့်ထားမှာပါ။

Ref : gsmarena

%d bloggers like this: