Xiaomi က ဗိုင်းရက်စ်ကြောင့် အိန္ဒိယမှာ Mi 10 မိတ်ဆက်ပွဲကို နားမည်

Xiaomi က မတ်လ ၃၁ ရက်နေ့မှာ Mi 10 ကို အိန္ဒိယမှာ ကြေညာမယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်က သတင်းပေးခဲ့ပါတယ်။ အခုတော့ အိန္ဒိယမှာ ဗိုင်းရက်စ် ကူးစက်မှုကြောင့် မိတ်ဆက်ပွဲကို ရပ်နားလိုက်ပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက တစ်နိုင်ငံလုံးကို ၂၁ ရက်ကြာ Lockdown လုပ်မယ်လို့ ကြေညာအပြီးမှာ Xiaomi က ဒီသတင်းကို ပြောကြားလိုက်တာပါ။

အိန္ဒိယမှာ လက်ရှိအချိန်အထိ ဗိုင်းရက်စ်ကူးစက်သူ ၅၀၀ ကျော်ရှိနေပြီး ၁၁ ယောက် အသက်သေဆုံးခဲ့ပြီးပါပြီ။ Xiaomi က Mi 10 မိတ်ဆက်ပွဲကို ရပ်နားလိုက်သလို နိုင်ငံတစ်လွှားက Mi Home Stores တွေကို ပိတ်လိုက်ပါတယ်။ အရင်ကလည်း Xiaomi ဟာ Redmi Note 9 Pro Max ပထမအသုတ် ရောင်းချတာကို ရပ်နားခဲ့ပြီး မူလက ၂၅ ရက်နေ့မှာ ရောင်းဖို့ စီစဉ်ထားတာပါ။


Xiaomi အပြင် Vivo , Realme တို့ကလည်း ဗိုင်းရက်စ်ကြောင့် အိန္ဒိယမှာ ထုတ်ကုန် မိတ်ဆက်ပွဲတွေကို ဖျက်သိမ်းခဲ့ပါတယ်။ Vivo နဲ့ Realme တို့ဟာ V19 နဲ့ Narzo 10 Series တွေကို ဒီနေ့မှာ ကြေညာဖို့ စီစဉ်ထားခဲ့တာပါ။

Ref : gsmarena

%d bloggers like this: