Notch မပါတဲ့ iPhone 12 Pro ဓါတ်ပုံတွေ ထွက်ပေါ်လာ

iPhone 12 ကို ထုံးစံအတိုင်းဆိုရင် စက်တင်ဘာလမှာ ကြေညာမှာ ဖြစ်ပြီး အခုတော့ iPhone 12 Pro ရဲ့ ဓါတ်ပုံတွေ ထွက်လာပါတယ်။ ထူးခြားတာက ၂၀၁၇ ထုတ် iPhone X မှာ စတင် မိတ်ဆက်ခဲ့တဲ့ Notch မပါလာတာပါ။

ဆန်ဆာနဲ့ ကင်မရာတွေကို မျက်နှာပြင်ရဲ့ အထက်က ဘောင်မှာ တပ်ဆင်ထားပြီး IR ကင်မရာ၊ Dot Projector ၊ စပီကာနဲ့ 12MP ဆဲလ်ဖီး ကင်မရာတွေကို မြင်ရပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်နဲ့ ညာဘက်က ဘောင်တွေဟာ လက်ရှိ iPhone တွေထက် ထူနေတာ မြင်ရတဲ့အတွက် ဒါဟာ တကယ့် iPhone 12 Pro ဒီဇိုင်း မဟုတ်ဘဲ အစောပိုင်း ပုံကြမ်းအဆင့်ပဲရှိသေးတယ်လို့ ထင်ပါတယ်။

နောက်ထပ် ပုံ ၁ ပုံမှာ SIM Slot ကို ညာဘက်ခြမ်းမှာ တပ်ဆင်ထားပါတယ်။ မကြာခင်က ထွက်ခဲ့တဲ့ သတင်းအရ ၆.၇ လက်မ iPhone 12 Pro မှာ Sensor-shifting ကင်မရာ Stabilization ပါလာမယ်လို့ သိရပါတယ်။ Pro မော်ဒယ် ၂ လုံးစလုံးမှာ 3D ToF Sensor တွေပါလာနိုင်ပါတယ်။ 120Hz ProMotion မျက်နှာပြင်၊ 6GB RAM အထိနဲ့ mmWave 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပါတယ်။ အခုဓါတ်ပုံဟာ ရာနှုန်းပြည့် သေချာတယ်လို့ မပြောနိုင်သေးပါဘူး။ မိတ်ဆက်ပွဲ မတိုင်ခင်မှာ iPhone 12 သတင်းအချက်အလက်တွေ ပိုသိလာရမှာပါ။

Ref : gsmarena

%d bloggers like this: