iPhone 5s , 6 နဲ့ iPad အဟောင်းတွေအတွက် iOS 12.4.6 ကို ဖြန့်ချိ

iOS Device အဟောင်းတွေမှာ Apple နောက်ဆုံးထုတ် iOS 13 ကို မရရှိတော့ပါဘူး။ ဒါပေမယ့် Apple က သူတို့အတွက် iOS 12.4.6 ကို ဖြန့်ချိပေးလိုက်ပြီး iPhone 5s , iPhone 6 , iPhone 6 Plus , iPod touch (6th Generation) , iPad Air (1st Generation) , iPad mini 2 နဲ့ iPad mini 3 တို့ ရရှိကြမှာဖြစ်ပါတယ်။

Update မှာ Security Patches ပါလာပေမယ့် လုပ်ဆောင်ချက် အသစ်တွေတော့ မပါလာတော့ပါဘူး။ သက်တမ်း တော်တော်ကြာနေပြီ ဖြစ်တဲ့ Device တွေမှာ လုံခြုံရေး ဖာထေးတာတွေပဲ ပါလာကြပြီး လုပ်ဆောင်ချက် အသစ်တွေ မပါလာတာ ထုံးစံ ဖြစ်ပါတယ်။

ဒီစာရင်းထဲမှာ ပါတဲ့ Device တချို့ဟာ အရမ်းကို ဒိတ်အောက်နေပါပြီ။ ဒိတ်အအောက်ဆုံး ဖြစ်နေပြီ ဖြစ်တဲ့ iPhone 5s ကို ၂၀၁၃ ခုနှစ်မှာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အထိ Update ပေးနေတာက စံချိန်တင်တယ်လို့တောင် ပြောနိုင်ပါတယ်။ အဲဒီ Device တွေ ကိုင်ထားသူတွေဟာ Settings ထဲကနေ Update လုပ်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: