Honor 30S မှာ 64MP ကင်မရာနဲ့ 3x Optical Zoom ပါမည်

Honor 30S ကို မတ်လ ၃၀ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး အနောက်ဘက်မှာ ကင်မရာ ၄ လုံးပါမယ်လို့ သိထားပါတယ်။ အခုတော့ DigitalTrends က ပင်မ ကင်မရာဟာ 64MP ဖြစ်တယ်လို့ သတင်းပေးလိုက်ပါတယ်။ 3x Optical Zoom ပါမယ်ဆိုတဲ့ ပိုစတာ ၁ ခုလည်း ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် အရင် ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ပုံတွေနဲ့ ကွဲပြားတာတွေ ရှိပါတယ်။

အရင်က ပုံတွေအရ အနောက်ဘက်မှာ Dual-LED Flash ပါလာပြီး အခုပုံတွေအရ Flash ၁ လုံးပဲ ထည့်သွင်းထားပါတယ်။ ဘယ်ဓါတ်ပုံက မှန်မလဲဆိုတာ နောက်ထပ်ထွက်လာမယ့် ပုံတွေကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Honor 30S မှာ Kirin 820 SoC မောင်းနှင်ထားပြီး 5G ထောက်ပံ့ထားပါတယ်။ 40W Fast Charging ပါတာက တော်တော်လန်းပြီး Android 10 , 8GB RAM နဲ့ 128GB Storage တွေ ပါလာမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: