စပိန်က စက်ရုပ်တွေသုံးပြီး လူ ၈ သောင်းကို ၁ နေ့ထဲမှာ ဗိုင်းရက်စ် စစ်ဆေးမည်

စပိန်က ကိုရိုနာဗိုင်းရက်စ် စစ်ဆေးတာကို မြန်ဆန်စေဖို့ စက်ရုပ်တွေ သုံးဖို့ စီစဉ်နေပါတယ်။ စပိန်မှာ ဗိုင်းရက်စ် ကူးစက်သူ ၃၅,၀၀၀ ထဲက ၁၂ ရာခိုင်နှုန်းဟာ ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ပါတယ်။ စက်ရုပ်တွေ သုံးရင် ကျန်းမာရေးဝန်ထမ်းတွေ ဗိုင်းရက်စ် ကူးစက်တာ နည်းသွားမှာ ဖြစ်သလို ကျန်းမားရေး ဝန်ထမ်းတွေဟာ ၁ ရက်မှာ လူပေါင်း ၁၅,၀၀၀ ကနေ ၂၀,၀၀၀ ကိုပဲ စစ်ဆေးပေးနိုင်တဲ့အတွက် စက်ရုပ်တွေက ၄ ဆလောက် ပိုစစ်ဆေးပေးနိုင်ပါတယ်။

မက်ဒရစ် အခြေစိုက် ကျန်းမာရေး အဖွဲ့အစည်း Carlos III ရဲ့ အကြီးအကဲ Raquel Yotti က “ စက်ရုပ်တွေနဲ့ စစ်ဆေးဖို့ စီစဉ်ထားပြီးပြီ ဖြစ်ပြီး ၁ ရက်ကို လူပေါင်း ၈ သောင်း စစ်ဆေးပေးနိုင်တဲ့ စက်ရုပ် ၄ ခုကို စပိန်က ဝယ်ယူတော့မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

စပိန် အစိုးရက စက်ရုပ်တွေ အလုပ်လုပ်ပုံကို မပြောသေးပေမယ့် ကပ်ရောဂါဆိုးကို တိုက်ဖျက်ရာမှာ အရမ်း တိုးတက်လာမှာ ဖြစ်ပါတယ်။ မြောက်အိုင်ယာလန်က ကျန်းမာရေး အာဏာပိုင်တွေကလည်း ဒီလို စစ်ဆေးပေးနိုင်တဲ့ စက်ရုပ်ကို ဖန်တီးနေကြပါတယ်။ တရုတ်ကလည်း လူနာတွေရဲ့ အပူချိန်တိုင်းတာတာ၊ အစားအစာတွေ ပေးပို့တာနဲ့ ပိုးသတ်ပေးတာ စတာတွေ ပြုလုပ်ပေးနိုင်တဲ့ စက်ရုပ်တွေ ရှိတဲ့ ဆေးရုံ ၁ ခုကို ဒီလ အစောပိုင်းက ဝူဟန်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

Ref : tnw

%d bloggers like this: