65W Fast Charging ပါတဲ့ OPPO Reno Ace2 ကို ဧပြီလမှာ ကြေညာမည်

Snapdragon 855+SoC နဲ့ 65W Fast Charging ပါတဲ့ OPPO Reno Ace ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ မျိုးဆက်သစ် ဖြစ်တဲ့ OPPO Reno Ace2 ကို ဧပြီလမှာ ကြေညာမယ်လို့ ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဌ Brian Shen က ဝီဘိုမှာ အတည်ပြုလိုက်ပါတယ်။

3C မှာ 65W Fast Charger ပါတဲ့ OPPO ဖုန်း ၁ လုံးထွက်ပေါ်လာပြီး သူဟာ OPPO Reno Ace2 ဖြစ်နိုင်ပါတယ်။ မကြာခင်က သူ့ရဲ့ ဓါတ်ပုံ ၁ ပုံ ထွက်ပေါ်လာပါတယ်။ အဲဒီ ဓါတ်ပုံအရ အပြာရောင် ထုတ်လုပ်ထားပြီး အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို စက်ဝိုင်းပုံ တပ်ဆင်ထားတာက OnePlus 7T နဲ့ တူပါတယ်။

ဓါတ်ပုံမှာ Flash ကို မတွေ့ရတဲ့အတွက် ကင်မရာတွေရဲ့ ဘယ်ဘက်ခြမ်းမှာ တပ်ဆင်ထားနိုင်ပါတယ်။ အသံခလုတ်နဲ့ SIM Card Slot ကို ဘယ်ဘက်ခြမ်းမှာ တပ်ဆင်ထားပြီး USB-C Port ကို အောက်ခြေမှာ စပီကာနဲ့ မိုက်ကရိုဖုန်း အပေါက် ၂ ခုနဲ့အတူ တွေ့ရပါတယ်။ OPPO က Reno Ace2 ရဲ့ သတင်းကို မပြောသေးပါဘူး။ သူ့မှာ စွမ်းဆောင်ရည်မြင့် Snapdragon 865 SoC မောင်းနှင်ထားနိုင်ပါတယ်။ LPDDR5 RAM နဲ့ UFS 3.0 Storage ပါတဲ့အတွက် ဖုန်း သုံးရတာ လျှင်မြန်သွက်လက်မှာပါ။

Ref : gsmarena

%d bloggers like this: