Vivo S6 5G ရဲ့ ဓါတ်ပုံတွေ ထွက်လာပြီ

Vivo S6 5G ဟာ Vivo ရဲ့ တန်ဖိုးအနည်းဆုံး 5G ဖုန်း ဖြစ်လာမှာပါ။ အခုတော့ သူ့ရဲ့ ဓါတ်ပုံတွေ ဝီဘိုကနေ ထွက်လာပါတယ်။ အရွယ်သေး Notch ပါလာတာ တွေ့ရပြီး အရင်သတင်းတွေအရ Dual Punch Hole ထည့်ထားမယ်လို့ သိထားခဲ့ပါတယ်။ အနောက်ကင်မရာ ၄ လုံးကို စက်ဝိုင်းပုံစံကွက်ထဲမှာ ထည့်သွင်းထားပြီး Vivo က ပင်မ ကင်မရာဟာ 48MP ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ နောက် ၃ လုံးက 8MP Ultrawide နဲ့ 2MP ကင်မရာ ၂ လုံး ဖြစ်ပြီး Depth နဲ့ Macro တွေ ဖြစ်ပါတယ်။

S6 5G ရဲ့ Specs တွေကို မသိရသေးပေမယ့် စွမ်းဆောင်ရည်သင့် ဖုန်းထက် ပိုလန်းမှာပါ။ Snapdragon 765G Chipset မောင်းနှင်ထားနိုင်ပြီး X52 5G Modem ပါလာမှာပါ။ ဒါမှမဟုတ် 5G ပါတဲ့ Mediatek ရဲ့ Dimensity 1000 Chipset ကို သုံးထားနိုင်ပါတယ်။

မကြာခင်ကလည်း Vivo က သူ့ရဲ့ ပိုစတာ ၁ ခုကို မျှဝေလိုက်ပြီး ဖုန်းရဲ့ အနောက်ဘက်က အောက်ဘက် တစ်ခြမ်းကို မြင်ရပါတယ်။ အောက်ခြေမှာ USB-C Port ၊ မိုက်ကရိုဖုန်း၊ SIM Card Slot နဲ့ စပီကာ အပေါက်ကို မြင်ရပါတယ်။ နားကြပ်ပေါက်ကို မတွေ့ရတဲ့အတွက် ထိပ်ဖက်မှာ တပ်ဆင်ထားနိုင်သလို Vivo က လုံးဝ ဖယ်ရှားထားတာလည်း ဖြစ်နိုင်ပါတယ်။ မတ်လ ၃၁ ရက်နေ့မှာ သူ့ကို ကြေညာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: