မြန်မာ အပါအဝင် နိုင်ငံ အသစ် ၂၀ အတွက် Apple App Store ကို သုံးနိုင်ပြီ

Apple က App Store ကို နိုင်ငံ အသစ် ၂၀ အတွက် သုံးခွင့်ပေးလိုက်ပြီ ဖြစ်ပြီး စုစုပေါင်း ၁၅၅ နိုင်ငံ ဖြစ်လာပါပြီ။ နိုင်ငံ အသစ်တွေက Afghanistan, Gabon, Cote d’Ivoire, Georgia, Maldives, Serbia, Bosnia and Herzegovina, Cameroon, Iraq, Kosovo, Libya, Montenegro, Morocco, Mozambique, Myanmar, Nauru, Rwanda, Tonga, Zambia နဲ့ Vanuatu တို့ ဖြစ်ပါတယ်။

Apple ဟာ အစောပိုင်းမှာ iPhone , iPad နဲ့ Laptop တွေလို ဟာ့ဒ်ဝဲတွေကိုပဲ ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဒစ်ဂျစ်တယ် စီးပွားရေး လုပ်ငန်းကို စတင်ခဲ့ပါတယ်။ အဲဒီ အချိန်ကစပြီး လက်ရှိအချိန်အထိ Apple ဟာ ဒစ်ဂျစ်တယ် စီးပွားရေး လုပ်ငန်းကနေ ဒေါ်လာ ၁၅၅ သန်း ရရှိခဲ့ပြီးပါပြီ။

Ref : gsmarena

%d bloggers like this: