Redmi က ၉၈ လက်မ 4K HDR Smart TV ကို ကြေညာ

Redmi K30 Pro နဲ့အတူ Redmi Smart TV Max ကိုပါ ကြေညာလိုက်ပါတယ်။ Redmi ရဲ့ အရွယ်အစား အကြီးမားဆုံး Smart TV ဖြစ်ပြီး ၉၈ လက်မ 4K HDR မျက်နှာပြင် တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပြီး Ghosting Issues မရှိအောင် MEMC Motion Compensation နည်းပညာ ထည့်ထားပါတယ်။

Amologic 12nm T972 Chip မောင်းနှင်ထားပြီး Quad-core A55 Processor Architecture ပါပါတယ်။ စွမ်းဆောင်ရည် ၆၃ ရာခိုင်နှုန်း ပိုကောင်းလာပြီး စွမ်းအင် စားသုံးမှု ၅၅ ရာခိုင်နှုန်း သက်သာလာပါတယ်။ PatchWall Artificial Intelligence Voide နဲ့ Bluetooth Voice Remote Control ပါလာပါတယ်။ Dolby+ DTS , Speaker ၄ လုံး ထည့်သွင်းထားပြီး တရုတ်မှာ ယွမ် ၁၉,၉၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ သိန်း ၄၀ လောက်ရှိပေမယ့် ၉၈ လက်မ TV ထဲမှာ ဈေးအရမ်း ချိုပါတယ်။ ဧပြီလ ၉ ရက်နေ့မှာ တရုတ်မှာ ရောင်းမှာပါ။

Redmi Smart TV Max 98″ specifications

• 98-inch (3840 × 2160 pixels) 4K display with 178-degree viewing angle, HDR 10, MEMC motion compensation, 192 partition dynamic backlight
• 1.9GHz Amlogic Cortex Quad-Core Cortex A55 T972 12nm processor with Mali-G31 MP2 GPU
• 4GB RAM, 64GB internal memory
• PatchWall
• WiFi 802.11 ac (2.4GHz / 5GHz), Bluetooth 4.2, 3 x HDMI (one has ARC), 2 x USB, S/PDIF, Ethernet
• Supports H.264, Real, MPEG1/2/4, etc.
• 2 × 8W speaker, DTS audio, Dolby Audio

Ref : fonearena

%d bloggers like this: