ကမ္ဘာအဝန်းမှာ EMUI 10 ထည့်ထားတဲ့ Device သန်း ၁၀၀ ရှိပြီ

Huawei က ၂၀၁၉ စက်တင်ဘာလမှာ EMUI 10 ကို ဖြန့်ချိခဲ့ပြီး စွမ်းရည်မြင့် ၊ စွမ်းရည်သင့်နဲ့ စွမ်းရည်နိမ့် ဖုန်းတွေမှာတောင် Update လုပ်ပေးခဲ့ပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ Huawei က ကမ္ဘာအဝန်းမှာ EMUI 10 ထည့်ထားတဲ့ Device ပေါင်း သန်း ၅၀ ရှိပြီလို့ ကြေညာခဲ့ပါတယ်။ အခုတော့ ၂ လအကြာမှာ သန်း ၁၀၀ လောက် ၂ ဆ ခုန်တက်သွားပါတယ်။

Android 10 အခြေပြု EMUI 10 မှာ Interface အသစ် ပါလာပြီး Apps နဲ့ System-wide Dark Mode ကို အဆင့်မြှင့်ထားပါတယ်။ EMUI 10 ရဲ့ တခြား စိတ်ဝင်စားစရာကောင်းတဲ့ လုပ်ဆောင်ချက်တွေက နောက်ဆုံးထုတ် GPU Turbo ၊ တိုးတက်လာတဲ့ လုံခြုံရေး Settings နဲ့ Performance Bugs တွေကို ပြင်ဆင်ထားတာပါ။

နဂိုထဲက Google Services ပါတဲ့ ဖုန်းတွေမှာ EMUI 10 ကို အဆင့်မြှင့်ပေးမှာ ဖြစ်ပြီး Google Services ကို ဆက်သုံးနိုင်ပါတယ်။ မကြာခင်က ကြေညာခဲ့တဲ့ Mate 30 Series , Honor 9X Pro တို့မှာ Google Services မပါဘဲ Huawei Mobile Services ပဲ ထည့်ပေးထားပါတယ်။

Ref : gsmarena

%d bloggers like this: