Redmi K20 Series ၅ သန်းကျော် ရောင်းချပြီးပြီ

Redmi က K20 Series တွေကို ကမ္ဘာအဝန်းမှာ အလုံးရေ ၅ သန်းကျော် ရောင်းချပြီးပြီလို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက တရုတ် လူမှုကွန်ရက် ဝီဘိုကနေ ကြေညာလိုက်တာ ဖြစ်ပြီး ဒီနေ့မှာပဲ Redmi K30 Series တွေရဲ့ ပရီမီယမ် မော်ဒယ် ဖြစ်တဲ့ K30 Pro ကို တရုတ်မှာ မိတ်ဆက်လိုက်ပါတယ်။ နောက်ဆုံးထုတ် Snapdragon 865 SoC ပါပြီး တော်တော်လန်းတဲ့ ဖုန်းပါ။

Redmi K30 Series တွေကို ရောင်းချပေးထားပေမယ့် K20 Series တွေကို လူကြိုက်များနေတုန်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ လလောက်က အလုံးရေ ၄.၅ သန်းရောင်းချခဲ့ရပြီး အခုတော့ ၅ သန်းကျော်သွားပါပြီ။ Xiaomi နဲ့ Redmi တို့ဟာ ပေးရတာထက် တန်တဲ့ ဖုန်းတွေကြောင့် ဒီလို အောင်မြင်လာတာဖြစ်ပါတယ်။

Redmi K20 နဲ့ K20 Pro တို့ဟာ Processor နဲ့ Memory Configuration ကလွဲပြီး တခြား အစိတ်အပိုင်းတွေက တူကြပါတယ်။ K20 မှာ စွမ်းရည်သင့် Snapdragon 730 SoC နဲ့ K20 Pro မှာ စွမ်းရည်မြင့် Snapdragon 855 SoC တွေ ထည့်ထားပါတယ်။ ဒေါ်လာ ၄၀၀ အောက်ပဲရှိပြီး အာရှမှာ တော်တော် အောင်မြင်ကြပါတယ်။

Ref : gizmochina

%d bloggers like this: