Redmi K30 Pro ရဲ့ Hands-on ဓါတ်ပုံတွေ ထွက်ပေါ်လာ

Redmi K30 Pro ကို ဒီနေ့ ကြေညာတော့မှာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲ မတိုင်ခင် နာရီပိုင်းအလိုမှာပဲ သူ့ရဲ့ Hands-on ဓါတ်ပုံတွေ ထွက်လာပြီး ဓါတ်ပုံမှာ အဖြူရောင် မော်ဒယ်ကို မြင်ရပါတယ်။ အနောက်ကင်မရာ ၄ လုံးကို စက်ဝိုင်းပုံ အကွက်ထဲမှာ ထည့်သွင်းထားပြီး အရှေ့ဘက်ကတော့ အနက်ရောင် ဖြစ်ပါတယ်။

အနောက်ကင်မရာတွေထဲမှာ 64MP ၂ လုံးပါလာမှာ ဖြစ်ပြီး ၁ လုံးက မြင်ကွင်းကျယ်နဲ့ နောက် ၁ လုံးက 3x Telephoto ဖြစ်ပါတယ်။ ဒါဟာ Galaxy S20 နဲ့ တူသွားမှာပါ။ Redmi K30 Pro ဟာ 8K Video ရိုက်ကူးနိုင်ပြီး အနောက်ကင်မရာတွေဟာ K30 , K30 Pro ထက် ပိုတိုးတက်လာပါတယ်။

K30 , K30 Pro မှာ ပါတဲ့ 120Hz အစား Redmi K30 Pro မှာ 60Hz ကို သုံးထားတာက အံ့အားသင့်စရာကောင်းပါတယ်။ AMOLED Panel နဲ့ အဆင့်မြှင်ထားမလား၊ LCD ပဲသုံးထားမလား ဆိုတာ မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: