Honor Play 9A ကို မတ်လ ၃၀ ရက်နေ့မှာ ကြေညာမည်

Honor Play 9A ကို မတ်လ ၃၀ ရက်နေ့မှာ ကြေညာမယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပြီး အရွယ်ကြီး ဘက်ထရီပါမယ်လို့ သတင်းပေးထားပါတယ်။ မကြာခင်က Honor ရဲ့ စွမ်းရည်နိမ့် တန်ဖိုးနည်း Play 9A ရဲ့ Specs နဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ သူဟာ အရင်နှစ်ထုတ် Play 8A ရဲ့ မျိုးဆက်ဖြစ်ပြီး ကင်မရာတွေ ပိုကောင်းလာသလို အရွယ်ပိုကြီးတဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။ Honor Play 9A မှာ ၆.၃ လက်မ IPS HD+ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး 8MP ဆဲလ်ဖီး ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ 13MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးပါလာပြီး လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ Helio P35 Chipset မောင်းနှင်ထားပြီး 4/64GB နဲ့ 4/128GB တွေ ထုတ်လုပ်ထားမှာပါ။

အရွယ်အစား အရမ်းကြီးတဲ့ 5,000mAh ဘက်ထရီ ပါလာပြီး 10W Charging ပဲ ထောက်ပံ့ထားတာက အားနည်းပါတယ်။ Android 10 အခြေပြု Honor Magic UI 3.0 မောင်းနှင်ထားပြီး Google Services မပါပါဘူး။ အစိမ်း၊ အပြာနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: