Redmi Note 9 Pro Max ကို အိန္ဒိယမှာ ရောင်းချိန် နောက်ကျမည်

Xiaomi က Redmi Note 9 Pro နဲ့ Note 9 Pro Max ကို မကြာခင်က ကြေညာခဲ့ပြီး Pro မော်ဒယ်ကို အိန္ဒိယမှာ ပထမဆုံး အကြိမ် အွန်လိုင်းကနေ ရောင်းပေးထားပါတယ်။ နောက်တစ်သုတ်ကို မတ်လ ၂၄ ရက်နေ့မှာ ရောင်းမှာပါ။ Note 9 Pro Max ကို မူလက ၂၅ ရက်နေ့မှာ ရောင်းချဖို့ စီစဉ်ထားခဲ့ပေမယ့် အခုတော့ ရောင်းချချိန် နောက်ဆုတ်လိုက်ပါပြီ။ ရက်အကန့်အသတ် မရှိ နောက်ဆုတ်မယ်လို့ Redmi ရဲ့ တရားဝင် အိန္ဒိယ တွစ်တာ အကောင့်ကနေ ကြေညာလိုက်ပါတယ်။


ကုမ္ပဏီက ကိုရိုနာဗိုင်းရက်စ် ကူးစက်တာကို ထိန်းချုပ်ဖို့အတွက် အိန္ဒိယမှာ Lockdown လုပ်တာတွေ ရှိလာတဲ့အတွက် ဒီလို ရောင်းချချိန်ကို နောက်ဆုတ်လိုက်တာပါလို့ ရေးသားထားပါတယ်။ ကုမ္ပဏီက အသေးစိတ် သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ ရောင်းချမယ့်အချိန်ကို နောက်ပိုင်းမှာ အသိပေးမယ်လို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: