Apple ကို ကျော်တက်သွားတဲ့ Samsung Exynos Chipsets

Samsung ရဲ့ Exynos Chipsets ဟာ ကမ္ဘာ့ နံပါတ် ၃ ရောင်းအား အကောင်းဆုံး Mobile Chipsets ဖြစ်လာပြီး Apple ကို နံပါတ် ၄ နေရာကို တွန်းပို့လိုက်ပါတယ်။ Counterpoint Research က စစ်တမ်းကို ပြုစုထားတာ ဖြစ်ပြီး Exynos Chips ဟာ ၂၀၁၉ ခုနှစ်မှာ ဈေးကွက်ဝေစု ၁၄.၁ ရာခိုင်နှုန်းရခဲ့ပြီး အရင်နှစ်ကထက် ရောင်းအား ၂.၂ ရာခိုင်နှုန်း တက်လာပါတယ်။ မြောက်အမေရိကနဲ့ အိန္ဒိယမှာ အဓိက ရောင်းအား ကောင်းခဲ့တာ ဖြစ်ပြီး Samsung နဲ့ Huawei တို့ဟာ ရောင်းအား အကောင်းဆုံး ၅ နေရာ စာရင်းထဲမှာ ပါလာပါတယ်။

Apple ဟာ ၂၀၁၉ ခုနှစ်မှာ ဈေးကွက်ဝေစု ၁၃.၁ ရာခိုင်နှုန်းရခဲ့ပြီး အရင်နှစ်ကထက် ရောင်းအား ၀.၅ ရာခိုင်နှုန်း ကျခဲ့တာပါ။ Qualcomm နဲ့ MediaTek တို့က နံပါတ် ၁ နဲ့ နံပါတ် ၂ နေရာကို ဆက်လက်သိမ်းပိုက်ထားပြီး ဈေးကွက်ဝေစု ၃၃.၄ နဲ့ ၂၄.၆ ရာခိုင်နှုန်း အသီးသီး ရခဲ့ပါတယ်။

Samsung ဟာ စွမ်းရည်နိမ့် ဖုန်းတွေနဲ့ တန်ဖိုးနည်း 5G ဖုန်းတွေမှာ MediaTek Chips တွေကိုလည်း သုံးနေပါတယ်။ OnePlus ကတော့ Qualcomm ရဲ့ အမာခံ ပရိတ်သတ်ဖြစ်ပြီး OnePlus 8 Lite မှာ MediaTek Dimensity Chip ကို စတင် မိတ်ဆက်ခဲ့ပါတယ်။

Ref : gsmarena

%d bloggers like this: