48MP Quad ကင်မရာ ပါတဲ့ Redmi Note 9S ကို ကြေညာပြီ

Xiaomi က Redmi Note 9S ကို ကြေညာလိုက်ပြီး သူဟာ Redmi Note 9 Pro ရဲ့ နိုင်ငံတကာ ဗားရှင်း ဖြစ်ပါတယ်။ Redmi Note 9S မှာ ၆.၆၇ လက်မ IPS LCD 1080x2400p မျက်နှာပြင် ပါလာပြီး 20:9 အချိုး ဖြစ်တဲ့အတွက် မျက်နှာပြင် အရှည် ဒီဇိုင်းပါ။ HDR10 ထောက်ပံ့ထားတဲ့အတွက် ရုပ်ထွက်က လန်းမှာဖြစ်ပြီး အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

Snapdragon 720G မောင်းနှင်ထားပြီး microSD Card စိုက်နိုင်ပါတယ်။ 3.5mm Audio Jack နဲ့ IR Blaster တွေ ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို စတုရန်းပုံအကွက်ထဲမှာ ထည့်ထားပြီး 48MP Main , 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပါတယ်။ 16MP Punch Hole ကင်မရာပါလာပြီး 120fps Slow-motion ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။

အရွယ်ကြီး 5,020mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်း အရမ်းလန်းမှာပါ။ 18W Charging ထောက်ပံ့ပေးထားပြီး လက်ဗွေရာ ကိရိယာကို အနောက်ကနေ ဘေးဘက်ကို ရွှေ့ထားပြီး မလေးရှားမှာ 4/64GB ကို MYR799 နဲ့ 6/128GB ကို MYR899 သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၅ သောင်းနဲ့ ၂ သိန်း ၈ သောင်းလောက် အသီးသီး ရှိပါတယ်။

ဧပြီလ ၇ ရက်နေ့မှာ စတင် ရောင်းမှာဖြစ်ပြီး Aurora Blue , Glacier White နဲ့ Interstellar Grey အရောင်တွေ ထုတ်လုပ်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: