64MP Quad ကင်မရာတွေ ပါတဲ့ ZTE Axon 11 5G ကို ကြေညာ

ZTE က စွမ်းရည်သင့် 5G ဖုန်းကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၄၇ လက်မ Full HD+ AMOLED မျက်နှာပြင်ကွေး ထည့်သွင်းထားပြီး Screen-to-body Ratio က ၉၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Snapdragon 765G SoC မောင်းနှင်ထားပြီး 8GB RAM , Nano Carbon Fiber နဲ့ Liquid Cooling ပါပါတယ်။ 64MP အပါအဝင် အနောက်ကင်မရာ ၄ လုံးထည့်သွင်းထားပြီး Notch မှာ 20MP ကင်မရာ ပါလာပါတယ်။

အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါပါတယ်။ Quick Charge 4.0 ပါတဲ့ 4,000mAh ဘက်ထရီ ထည့်ထားပါတယ်။ Power Booster Management ပါတဲ့အတွက် တခြား 5G ဖုန်းတွေထက် ဘက်ထရီ သက်တမ်း ၃၀ ရာခိုင်နှုန်း ပိုကောင်းပါတယ်။

ZTE Axon 11 5G specifications

• 6.47-inch (2340 x 1080 pixels) 19.5:9 AMOLED curved glass display with 100% DCI-P3 Color Gamut
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 6GB RAM with 128GB storage / 8GB RAM with 256GB storage, expandable memory up to 2TB with microSD
• Android 10 with MiFavor 10 I
• Hybrid Dual SIM (nano + nano / microSD)
• 64MP primary camera with f/1.89 aperture, LED flash, 4K video recording, 8MP 120° ultra-wide sensor with f/2.2 aperture, 2MP depth sensor and 2MP 4cm macro sensor with f/2.4 aperture
• 20MP front-facing camera with f/2.0 aperture
• In-display fingerprint sensor
• USB Type-C audio
• Dimensions: 159.2 x 73.4 x 7.9mm; Weight:168g
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax, Bluetooth 5.1, GPS/GLONASS, USB Type-C
• 4000mAh (Typical) battery with Quick Charge 4.0 fast charging

အနက်နဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး 6/128GB ကို ၂၆၉၈ ယွမ်၊ 8/128GB ကို ၂၉၉၈ ယွမ်နဲ့ 8/256GB ကို ၃၃၉၈ ယွမ် သတ်မှတ်ထားပါတယ်။ ဈေးအနည်းဆုံးက ၅ သိန်း ၃ သောင်းလောက် ရှိပါတယ်။

Ref : fonearena

%d bloggers like this: